Saturday, October 27, 2012

မနေ့က တနိုင်ငံတည်းအတူနေတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တယ်..
သူက ကျွန်တော့်လောက် လစာမရလို.၊ အလုပ်ပင်ပန်းရလို. စိတ်ညစ်ပါတယ်တဲ့.. ဒီနိုင်ငံလာရတာချင်း အတူတူ ကျွန်တော်ကျတော့ ကံကောင်းလွန်းပါတယ်တဲ့..
သူအိမ်ပြန်တော့မယ်တဲ့... သူဒီကိုရောက်တာ ၁နှစ်ကျော်ရုံလေးဘဲရှိသေးတာပါ
ဟုတ်ကဲ့..ကျွန်တော်ပြန်စဉ်းစားကြည့်တယ်..အခုမှရောက်တဲ့ လူတော်တော်များများက ကျွန်တော့်ကို အားကျကြတယ်၊ မနာလိုဖြစ်ကြတယ်... ကျွန်တော် နားလည်ပါတယ်.. ဒါပေမယ့် ကျွန်တော်လဲ အချိန်တခါတုန်းက သူတို.လို ရှင်သန်ခဲ့ရတာပါဘဲ... 
တစ်ခုကွာခဲ့တာကတော့ ကျွန်တော့်လုပ်သက်က ၅နှစ်နီးပါး၇ှိနေခဲ့ပြီး၊ သူတို.က မနေ့တနေ့က ရောက်လာလို.ပါ...
ကျွန်တော်လဲ ရောက်ခါစက အခြေခံဝန်ထမ်းလေးပါဘဲ..
မိန်းကလေးတန်မဲ့ Safety Shoe စီးပြီး... လှေကားထမ်းပြီး မီးလုံးလဲခဲ့ရသူပါ။ အရေးအကြောင်းဆို ceiling ပေါ်တတ်ပြီး Aircon ပိုက်လိုင်းတွေ တတ်ပြင်ခဲ့ရပါတယ်။ အရမ်းအေးတဲ့ ဆောင်းညတွေမှာ ညဂျူတီဆင်းရင် ရေကူးကန်ရဲ့ မီးလုံးတွေကို ရေထဲဆင်းပြီး ပြင်ခဲ့ရသူပါ။ Engineer ဖြစ်လို. သက်သက်သာသာ ရုံးခန်းထဲမှာ မထိုင်ခဲ့ရပါဘူး။ 
ဟိုတယ်မှာ မီးလောင်လို. မီးငြိမ်းဖို. ၀င်ရတဲ့အခန်းထဲမှာ ကျွန်တော့်ကို တာဝန်ချခံခဲ့ရဖူးပါတယ်။ နိုင်ငံခြားမှာ အလုပ်တစ်ခုအတွက် ယောကျာ်း၊ မိန်းမ မညှာကြပါဘူး။ ကျွန်တော့်ဘ၀မှာ ပထမဆုံး မီးတောက်တွေကြား မီးငြိမ်းသတ်ခဲ့ဖူးခဲ့ရပါတယ်။ 
ဧည့်သည်အော်လို. သူ့အခန်းထဲကနေ 42" LCD TV ကို တစ်ယောက်တည်း မပြီးဖြုတ်ခဲ့ရဖူးပါတယ်။
ဒါတွေကို သူတို.မမြင်ခဲ့ပါဘူး။ ကျွန်တော် အဲဒီလိုလုပ်ခဲ့လို အခုအချိန်မှာ ရုံးခန်းထဲ အေးအေးလူလူ နေခွင့်ရခဲ့တာပါ။
ဒီတော့ သူငယ်ချင်းတွေကို ပြောချင်တာက စိတ်ဓာတ်အကျမမြန်ကြပါနဲ့။ ကျွန်တော်တို. မြန်မာအချင်းချင်း သွေးမကွဲချင်ဘူး။ များသောအားဖြင့် အားလုံးလိုလိုက တူညီကြတဲ့ ဘ၀တွေက လာကြတာပါ။ နဲနဲလေးပိုကြိုးစားဖို.တော့လိုတာပေါ့။ အဆင်မပြေတာတွေကို ထိုင်ညည်းနေလို.၊ သူများအဆင်ပြေတာကို အားကျနေလို. မထူးပါဘူး။ ကိုယ်တိုင် လုပ်မှ ကိုယ်ရမှာပါ။ အိမ်ပြန်တယ်ဆိုတာ လွယ်ပါတယ်။ ဒါပေမယ့် ဘာမှ လုပ်မပြနိုင်ဘဲ ပြန်မှာလား။
တစ်နှစ်၊ နှစ်နှစ်ဆိုတဲ့ အချိန်ဟာ... ရွှေထုပ်ကြီးသာကောက်မရရင် ဘာမှ ထူးထူးခြားခြား မပြောင်းလဲတတ်ပါဘူး။ ထပ်ကြိုးစားပါဦး။
၃နှစ်လောက်တော့ အားထည့်ကြည့်ပေါ့။
ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။ ဒီနိုင်ငံကို ရောက်နေတဲ့ သူငယ်ချင်းတွေ တော်တော်များများက ကျွန်တော့်ကို သိပ်မခင်ကြဘူး။ အကြောင်းအရင်းကတော့ ဘ၀မတူကြလို.ပါတဲ့။ 
ဘာဘဲဖြစ်ဖြစ်ပေါ့ ကျွန်တော် အားလုံးကို ချစ်ပါတယ်။ 

2 comments:

  1. အဟဲ....ချစ်...ဂလို လေးဒွေ ရေးစမ်းဘာာာ
    ဖတ်လို့ကောင်းတယ်ဟ့....ငါတောင် မီနာလိုဖျစ်လာပီ :D :D
    ဒါလေးပဲလား...
    များများရေးပါ...ဒလိုမျိုးလေး...
    မရှိတဲ့ မင်းသား နဲ့ ...မသေတဲ့ မင်းသမီး ဇာတ်လမ်း မျိုးတွေ မရေးနဲ့
    ငါ မီကြိုက်ပု :D :D

    ReplyDelete
    Replies
    1. ဟားဟား... ဟုတ်ကဲ့ပါ ခင်ည

      Delete