ဒီနေ့လဲ တစ်ရုံလုံးကို ပတ်မွှေပြီး လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရှာဖွေရတယ်။ ခွင့်ကိုလဲ မပေးရင် သေတော့မလို ငိုယို စူပုပ်လိုက်တော့မှ ဘိုးတော်က မပေးချင်ပေးတယ်။ ၄ရက်ခွင့်ရတယ်။
နက်ဖန်မနက်အစောကြီးထပြီး korean embassy ကိုသွားမယ်။ ဗီဇာ လျောက်မယ်။ ဟိုတယ် booking လုပ်ပြီးပြီ။ Oppa Gangnam Style ကို အားကျလို.တော့မဟုတ်ဘူး ဟိုတယ်ခသက်သာလို. Gangnam ဘက်က ဟိုတယ်မှာ book လုပ်ထားတယ်။ Etihad က ပျံပျံကြီးစီးမယ်။
ဝိုး...ပျော်ထှာ။
ခက်နေတာက ရှိုးပွဲလက်မှတ်ရသေးဘူး။ ဒေါ်ကျူတီကလဲ အကူအညီလိုပါတယ်ဆိုမှ ပုန်းနေဒယ်။ FB လဲ စာမပြန်၊ ဖုန်းလဲမကိုင် (သူများ အားကိုးစရာရှိပါဘူးဆိုမှ)
SISTAR ကို အပြင်မှာတွေ.ရတော့မယ်။ တအားတအားကို ပျော်နေတယ်။
နက်ဖန် ဗီဇာလွယ်လွယ်ရပြီး၊ ရှိုးပွဲလက်မှတ် မြန်မြန်ရအောင် ဆုတောင်းပေးကြပါနော်။
ဒီပွဲတွားကြည့်မှာ...ခိခိ....ရင်တွေခုန်လိုက်တာ..
This comment has been removed by the author.
ReplyDelete