အချိန်တွေ အရမ်းအကုန်မြန်ခဲ့ပါတယ်။
ဘာလိုလိုနဲ့ ကျွန်တော့်ရဲ့ ဒုတိယအိပ်ခန်းလေးထဲပြန်ရောက်တာ ၂ပတ်ပြည့်တော့မယ်။
အိမ်လွမ်းတာလဲ မဟုတ်ဘဲနဲ့ ရင်ထဲမှာ တခုခုစိတ်မကောင်းဖြစ်နေမိတယ်။
ဒီတစ်ခါရန်ကုန်ပြန်တာ အရင်လို လွတ်လပ်မှုတွေ အပြည့်မရခဲ့သလိုဘဲ။
မေမေက အသက်ကြီးသွားလို.လား မသိဘူး၊ အရင်လို နေရာတကာမလိုက်ပေးနိုင်တော့ဘူး။
အစ်မပြေန်လာလို. မိသားစုစုံရင် ပိုပျော်ဖို.ကောင်းမယ်ထင်နေတာ၊ အမေ့ဂရုစိုက်မှုတွေ အစ်မတွေကိုခွဲပေးလိုက်ရတာ တော်တော်မနာလိုဖြစ်မိတယ်။
မေမေ့မှာလဲ သမီး၃ယောက်လုံးကို ဂရုစိုက်နေရလို.ထင်တယ်၊ ကျွန်တော်တို.ပြန်တော့ နေမကောင်းတောင်ဖြစ်တယ်တဲ့။
စီစဉ်မထားဖြစ်တဲ့ ခရီးအချို.ကို ထွက်လိုက်ရပြီး၊ မထင်မှတ်ဘဲ မျက်လုံးအသစ်တစ်စုံ ပိုင်ဆိုင်ခွင့်ရခဲ့တယ်။
အရမ်းသွားချင်လို. မရရအောင်သွားမယ် ဆုံးဖြတ်ထားတဲ့ ကိုရီးယားက ကျွန်တော်ချစ်တဲ့ ကောင်မလေးတွေအဖွဲ့ရဲ့ ပထမဆုံး live show သွားကြည့်ဖို.ကျ ပျက်တယ်။ (ခွင့်မရလို.း(...တိုက်တိုက်ဆိုင်ဆိုင် စက်တင်ဘာ ၁၂ရက်နေ့မှာ group check in ရှိတယ်တဲ့။ အခန်းပေါင်း ၂၅၀တောင် ပြည့်မှာဆိုတော့ ၀န်ထမ်းအားလုံး vacation cancel, leave postpone, day off cancel.
ထူးထူးဆန်းဆန်း ဒီတခါ မိသားစုနဲ့ သူငယ်ချင်းတွေကို မလွမ်းဘဲ၊ ချစ်သူလေး၂ယောက်ကို သတိရနေတယ်။
ကျွန်တော် အဆက်အသွယ်မလုပ်ဖြစ်တာကို ခွင့်လွှတ်ပါ။ သံယောဇဉ်တွေ ဒီထက်ပိုတွယ်မိမှာ ကြောက်လို.ပါ။ အရမ်းချစ်ပြီး ခဏခဏဝေးခဲ့ရလို. ဒီတစ်ခါတော့ ဒီလောက်နဲ့ဘဲ ရပ်လိုက်ပြီ။
ဂျောက်ပျောက်နေတယ်။ သူ.ကောင်မလေးတော့ နေ့တိုင်း ထမင်းလာစားတယ်။ ကလေးတွေလဲ လုံးဝမတွေ.ဘူး။ အဆောင်ကလူတွေ ပြောတာတော့ ဂျောက်နဲ့ သူ.ကလေးအသစ်လေး၁ကောင်ကို မနေ့ကတောင် တွေ.သေးတယ်တဲ့။ ကျွန်တော်ကျ ဘာလို.မတွေ.တာလဲ။
ကလေးအသစ်လေးတဲ့၊ မြင်ချင်လိုက်တာဗျာ။ တွေ.လို.ကတော့ အခန်းထဲ သော့ခတ်ဖွက်မွေးထားဦးမယ်။ ကြောင်ကလေးလေးတစ်ယောက်လောက်ရချင်တယ်။း)
xoxoxo lonely!
xoxo
ReplyDeleteဟွန့်..ဆုကိုကျတော့..သတိမရဘူးပေါ့လေ...သူ့ကောင်မလေးတွေပဲ..သတိရတယ်...ဆုကတော့..အမြဲသတိရပါတယ်...:)
ReplyDelete