အမေနဲ့ ဝေးနေတာကြာလာတော့
ညညဆို ဘုရားမရှိခိုးဘဲ အိပ်တတ်နေပြီ
နားရက်တွေမှာ နေ့လည်နေ့ခင်းထိ မျက်နှာမသစ်ဘဲ နေတတ်နေပြီ
အဖော်ကောင်းရင် မနက်၎နာရီ ၅နာရီထိ အိမ်မပြန်ဘဲ လည်တတ်နေပြီ
သီချင်းတွေကို စိတ်ကြိုက် အကျယ်ကြီး ဖွင့်နားထောင်နေတတ်ပြီ
TV ကိုလဲ မကြည့်ဘဲနဲ့ တနေကုန်ဖွင့်ထားတတ်ပြီ
ဆေးလိပ်လဲ သောက်တတ်နေပြီ
စားသောက်ပြီးသား ပန်းကန်တွေ မဆေးဘဲ ၂ရက်၃ရက် ပစ်ထားတတ်နေပြီ
လမ်းပေါ်က ကြောင်လေးတွေကိုလဲ ခွင့်မတောင်းဘဲ အိမ်ပေါ်ကို ခေါ်လာတတ်နေပြီ
မနက်ကို နှိုးစက်နဲ့ နိုးထတတ်နေပြီ
ဘုရားမရှိခိုးပေမယ့် ဘုရားပန်းနဲ့ သစ်သီးကို ပုံမှန်လဲတတ်နေပြီ
ကိုယ်တိုင် အ၀တ်လျော်၊ မီးပူတိုက် လုပ်တတ်နေပြီ
အခန်းသန့်ရှင်းရေးကို စိတ်ပါလက်ပါ လုပ်တတ်နေပြီ
ရသမျှလခကို မစုဘဲ အကုန်သုံးတတ်နေပြီ
လကုန်ရက် ပိုက်ဆံတစ်ပြားမှ မရှိလဲ ပျော်ပျော်နေတတ်နေပြီ
ချစ်တမ်းကစားတာလဲ တော်တော်ကျွမ်းကျင်နေပြီ
အရင်လို ရုံးသွားရင် အရုပ်တွေယူပြီး မဆော့တတ်တော့ဘူး
အလုပ်ထဲမှာ လူတွေကို ချော့ခိုင်း၊ ချောက်ခိုင်း လုပ်တတ်နေပြီ
အင်တာနက်ကိုလဲ မိုးလင်းမိုးချုပ် အဆင်အခြင်မရှိသုံးတတ်နေပြီ
hmmmmmmmmm, i miss you mommy!
Take Care.. fighting...
ReplyDeleteခင်မင်စွာဖြင့်
မျှစ်
တဝက်တူတယ်.. ဆေးလိပ်တို့ ဘုရားပန်းလဲတာတို့တော့ မတူဘူး
ReplyDeleteမိန်းကလေးဆိုတော့ ဘုရားကို အခန်းထဲ ထားဖို့ မသင့်တော်ဘူးထင်လို့ပါ
anyway, that's my excuse!