ဒီနေ့ အိမ်ပြန်နောက်ကျတယ်။
အိမ်ကကောင်လေး သောင်းကျန်းထားတာ ဘုရားစင်က ပန်းအိုးတွေ တစစီ ကြမ်းပေါ်ပွကြဲလို.။
စိတ်ညစ်တယ်ဗျာ၊ အမှိုက်ရှင်းရတဲ့အထဲမှာ မြေဆွေးတွေ တစစီလိုက်ရှင်းရတာ စိတ်အလေဆုံးဘဲ။ ဖုန်စုပ်စက်ကလဲ အရမ်းမကောင်းတော့ အကုန်မပြောင်ဘူး။ တံမြက်စည်းနဲ့ ထပ်လှဲ၊ အ၀တ်တွေနဲ့ ပြန်သုတ်နဲ့ တော်တော်မောသွားတယ်။
ရိုက်တော့ မရိုက်ရက်ပါဘူး။ သူလဲ တစ်ကောင်တည်း တနေကုန်ပျင်းတော့ ထွက်ပေါက်ရှာတာနေမှာပေါ့လေ။
ရေချိုးခန်းထဲမှာလဲ ဆပ်ပြာဘူးတွေ၊ ခေါင်းလျော်ရည်ဘူးတွေပွစာကြဲလို.။
မြငဘူးပါတယ်လို. သေချာကြည့်တော့ ထမင်းစားတဲ့ တူက bathtub ထဲရောက်နေတယ်။ တော်လိုက်တာ၊ ဘယ်လိုများ သယ်သွားလဲမသိဘူး။ kitchen, wash basin ထဲကနေ ရေချိုးခန်း bathtub ထဲထိ သယ်သွားတာ။ အံ့ရော အံ့ရော...
ငလည်လေးက သူ.ကြောင်စာခွက်ကျတော့ သန်.လို.ရှင်းလို.၊ ဘာမှ ဖျက်ဆီးမထားဘူး။
ခုလဲ သူ.ကို ကုတင်ပေါ်ပေးမတတ်တော့ အသားကုန်အော်ဟစ် သောင်းကျန်းနေလေရဲ့။
ဂျောက်ဂျက်လေးရယ် မင်းကိုငါအရမ်းချစ်ပါတယ်ကွာ။ သိပ်မဆိုးပါနဲ့ ကလေးရယ်။
ခုပဲ မတက်တာပါ.. တနေကုန်တက်ဖွပီးသား နေမှာ
ReplyDeleteအရင်က ကြောင်လေးကောက်ရတော့ တခြားလူကဆူရင် တို့အခန်းထဲ ဝင်ပြေးတာပဲ.. တနေကုန် အခန်းထဲမှာ ထိုင်စောင့်နေတယ်
လူရှိရင်တော့ ကုတင်ပေါ်မတက်ဘူး..အောက်မှာပဲ နေတယ်