Friday, May 11, 2012

ဒီနေ့ နားရက် ကျွန်တော့် အစ်မဆီ သွားနေဖြစ်တယ်။ မနေ့ညက ညစာကို တရုတ်ဆိုင်မှာ ၀က်နံရိုးကြော်၊ သက်အူသုတ်၊ ကန်စွန်းပလိန်းနဲ့ ချိုချဉ်ကြော် လိုက်ကျွေးတယ်။ စားလို. ကောင်းလိုက်တာ။ ဒီတိုင်းပြည်မှာ ၀က်သားရောင်းခွင့်မ၇ှိလို. ခိုးရောင်းတဲ့ဆိုင်မှာ ခိုးကြောင်ခိုးဝှက် သွားခိုးစားရတာ အရသာရှိမှရှိ။
ဝက်သားမစားရတာ တော်တော်ကြာသွားတာမှ နှစ်နဲ့ချီနေပြီ။ ခုပြန်စားရတော့ အရသာတောင် ကောင်းကောင်းမမှတ်မိတော့ဘူး။ ရန်ကုန် ပြန်ရောက်မှ တစ်ဝကြီး စားဦးမယ်။ ခုတော့ စိတ်လျော့။း(
ချစ်ရတဲ့ SISTAR အဖွဲ့ ဒီနေ့ နံပါတ်၂နေရာရောက်သွားပြီ။ အေးပေါ့လေ... ပထမနေရာမှာ ၄ပတ်တိတိရှိပြီးပြီဆိုတော့လဲ ဆင်းပေးသင့်ပါပြီ။
ဖုန်းအသစ်လေးလို. ပျော်တယ်။ ခုလောလောဆယ်တော့ အင်တာနက်မရသေးလို. wifi မိတဲ့နေရာမှာဘဲ သုံးရတာ အားမရဘူး။ ၀တ်ထုစာအုပ်၎အုပ် download လုပ်ထားတယ်။ ဗီဒီယို ဖိုင်တွေထဲ့ထားတယ်။ နားကြပ်ကောင်းကောင်း ထပ်လိုချင်ပြန်တယ်။ dr Dre ရရင်လိုချင်သား။ နောက်ထပ် ၂လလောက်ထပ်စောင့်ရမယ်ထင်တယ်။
သူငယ်ချင်း လိုက်လာတယ်။ နေ့လည်စာကို သူထမင်းချက်ကျွေးတယ်။ စားလို.ကောင်းလိုက်တာ။း) တနေကုန် မြန်မာကားတွေ download လုပ်ပြီး တူတူကြည့်ကြတယ်။ ၀ါး...... ဒီတစ္ပတ္နားရက္ကေတာ့ ဇိမ္ဘဲ...

2 comments:

  1. ဝက်သားမရဘူးဆိုတော့ အရက်ကျတော့ ရတယ်နော်
    ဒီမှာလဲ ဝက်အူတွေဘာတွေက တရုတ်ဆိုင်မှာမှပဲ ရတယ်.. တကူးတက သွားစားရတယ်

    ReplyDelete
    Replies
    1. အရက်လဲ အလွယ်တကူတော့ ၀ယ်လို.မရဘူး။ လိုင်စင်ရှိမှ ၀ယ်လို.ရတာ။ Back market တော့ရှိတာပေါ့။ ၀က်သားလဲ black market မှာဝယ်လို.ရတယ်။ ချက်ပြီးသားသာမရတာ။ ကျွန်တော်က မချက်တတ်တော့ ငတ်တာပေါ့။ တရုတ်ဆိုင်တိုင်းလဲ ၀က်သားရောင်းခွင့်မရှိဘူးလေ။

      Delete