Monday, May 28, 2012

ငါနင့်ကို ချစ်လိုက်တာ
မျက်စိအောက်က ပျောက်သွားမှာ သေမလောက်ကြောက်မိတယ်
နင့်ကို မတွေ.ရမှာ စိုးလို. ငါ့အိပ်ချိန်တွေ မျက်စိမှိတ်ရမှာစိုးလို. အိပ်မရတဲ့ ညတွေ....
တရေးနိုး ဘေးနားမှာ နင်ရှိရဲ့လားလို. အခါခါ ထကြည့်ရတဲ့ အချိန်တွေ...
နင့် အပြုံးတစ်ချက် ရလိုက်ရင် ကောင်းကင်ကြီးပြိုသွားလဲ ငါမမှုပါဘူး
နင့်ကို အရမ်းချစ်တယ်
နင့်ကို ခဏလေးခွဲရရင်တောင် ငါရူးနိုင်တယ်
အပျော်နဲ့ စခဲ့တဲ့ ဇာတ်လမ်းက ငါ့သေကွင်း ငါပြန်နင်းသလိုဖြစ်နေပြီ
မထားခဲ့ပါနဲ့...
နင့်ကို ဂရုစိုက်ပေးနေရရင်....
နင့်ကို အမြဲတစေ စောင့်ကြည့်ခွင့်ရရင်....
နင့်ကို ပျော်ရွှင်အောင် လုပ်ပေးခွင့်ရရင်...
ငါကျေနပ်နေမှာပါ
ငါရူးနေပြီ  ခရမ်းရောင်မလေးရယ်...
ကျေးဇူးပြုပြီး မာယာတွေချည်းမပေးပါနဲ့
အကြင်နာလေးနဲနဲတော့ ငါ့ကိုမျှပါ..
I love you Ms Purple

2 comments:

  1. ဖြစ်ပြန်ပီ
    ငါပြောသလိုလုပ်.. ငါမလုပ်သလို မလုပ်နဲ့ဆိုတာ တော်မီမှ အစစ်

    ReplyDelete
    Replies
    1. hee hee. ဟုတ်တယ်ဗျာ... ဘယ်လိုဖြစ်သွားမှန်းကို မသိလိုက်ဘူး....း)

      Delete