၁ယောက်တည်း............
အဲဒီစကားကို သုံးနေခဲ့တာကြာပါပြီ။
ဒါပေမယ့် ဒီတစ်ကြိမ်လောက် ရာနှုန်းပြည့် မမှန်ခဲ့ဘူး။
အရင်က တစ်ယောက်တည်း...
ဒါပေမယ့် ချစ်သူရှိတယ်
ဒါပေမယ့် အမေရှိတယ်
ဒါပေမယ့် အစ်မတွေရှိတယ်
ဒါပေမယ့် သူငယ်ချင်းရှိတယ်
ဒါပမေယ့် ဂျောက်ဂျက်လေးရှိတယ်
ခုတော့.............
ချစ်သူကထားသွားတယ်
အမေနဲ့ အစ်မ မြန်မာပြည်ပြန်သွားတယ်
သူငယ်ချင်း ဒီနေ့ပြန်ပြီ
ဂျောက်ဂျက်လေးလဲ မရှိတော့ဘူး
၁ယောက်တည်း.....
ငါဘာဆက်လုပ်ရမလဲ
ငါ့ညီမလေး.. ဘာတွေဖြစ်နေပြန်ပီလဲ
ReplyDeletelonely ......... i'm so lonely........i've nobody..........tommy lonely
DeleteTommy တစ်ယောက် ပျော်ရွှင်နိုင်ပါစေ...အထီးကျန်ခြင်းမှလည်း လွတ်ကင်းပါစေ...ချစ်တဲ့သူတွေနဲ့လည်း အမြန်ဆုံး အတူနေနိုင်ပါစေ..
ReplyDeleteTommy ရေ...မိသားစုအတွက်ပဲဖြစ်ဖြစ်...နောင်တစ်ချိန်ကိုယ့်အတွက်ပဲဖြစ်ဖြစ်...ပိုက်ဆံကိုစုထားပါနော်...ချစ်တဲ့ကောင်မလေးတွေအတွက် ကုန်တာလည်း ကုန်ပေါ့...ကိုယ်ကိုကိုယ်အထီးကျန်တယ်လို့ထင်ရင် ပိုစုသင့်တယ်...ကိုယ်မရှာနိုင်တော့ရင် မိဘက လွဲရင် အားကိုးစရာမရှိဘူး...Tommy က အရမ်းတော်တာပဲ လစာတွေလည်း အများကြီးရတယ်..လင်းဆုတို့ဆို မြန်မာပြည်မှာ..ရတဲ့လခလေးနဲ့ပဲ...ရပ်တည်နေရတာ နိုင်ငံခြားဆိုတာလည်း ဘာမှန်းတောင်မသိသေးဘူး....ဒီလိုပါပဲ လင်းဆုလည်း ချစ်တဲ့ မိသားစုတွေ အတွက်နဲ့ ကိုယ်ကြိုက်တာလေးတွေ ဝယ်ရင်း တလ တလ မစားမသောက်နဲ့ ဟိဟိ...မိသားစုနဲ့ ခွဲပြီးတော့တောင် အလုပ် လုပ်နေရတာ တချိန် ကျ ဘာမှ အဖတ်မတင် ရင်...ပြီးခဲ့တဲ့ အချိန်တွေနှမြောစရာကောင်းလွန်းတယ်မဟုတ်လား...နိုင်ငံရပ်ခြားရဲ့ အတွေ့အကြုံတွေတော့ အဖတ်တင်တာပေါ့နော်...ဆရာလုပ်တာတော့မဟုတ်ပါဘူးကွယ်...စေတနာတွေပါ..း-)
ReplyDelete