Monday, April 9, 2012

၂လ၃လဆိုတဲ့ အချိန်လေးအတွင်းမှာ မင်းတောင် ကြောင်ပျိုကြီးဖားဖားဖြစ်လာပြီဘဲကွ။
မျက်စိအောက်မှာတင် မင်းလေးက အရွယ်ရောက်လာတယ်။ အရင်က wash basin ပေါ်မတတ်နိုင်လို. အောက်ကနေအမြဲအော်ပြီး အစာတောင်းတတ်တဲ့ ကလေးလေး၊ အခုတော့ wash basin ပေါ်တတ်ပြီး ရှိသမျှတွေ ချခွဲတတ်လို. ငါလဲ မြင်မြင်သမျှ drawer ထဲထည့်တတ်တဲ့ အကျင့်ရလာပြီ။
ဘုရားသောက်တော်ရေကို အမြဲယူယူသောက်ပြီး၊ ပန်းကန်လုံးတွေ ချခွဲတတ်လာလို.၊ ဘုရားစင်က သောက်တော်ရေခွက်တွေလဲ ပြန်သိမ်းထားလိုက်ရပြီ။
ငါ့စာကြည့်စားပွဲပေါ်မှာ တင်ထားတဲ့ ချစ်စရာအရုပ်လေးတွေလဲ အံဆွဲထဲမှာ ၀င်အိပ်ကုန်ကြပြီ။
TV remote control တွေလဲ အရင်လို အပြင်မှာ ဖြစ်သလို တင်ထားခဲ့လို.မရတော့ဘူး။
မင်းလေးအရွယ်ရောက်တာ သိပ်မြန်တယ် ဂျောက်ကလေး။ မင်းကို ငါချစ်လို.တောင်မ၀သေးဘူး။
မင်းက ချစ်သူရှာချင်နေပြီတဲ့လား။ ငါ ၁နှစ်လုံးလုံး ၁ခါမှတောင် ယောင်လို.မဖွင့်ခဲ့ဖူးတဲ့ balcony door လဲ မင်းနဲ့ကျမှဘဲ တနေကုန် ဖွင့်ထားခဲ့ရပြီ။
မင်းကောင်မလေးက ချစ်ဖို.ကောင်းပါတယ်၊ ခက်တာက ငါသူ.ကို ငါ့အခန်းလေးထဲ ခေါ်လို.မဖြစ်ဘူးကွ။ သူ.ကို အစာကျွေးဖို. ၀န်မလေးပေမယ့်၊ သူငါ့အိပ်ရာထဲ လာအိပ်တာတော့ ခွင့်မပြုနိုင်ဘူးလေကွာ။
မင်းစိတ်ဆိုးလဲ မတတ်နိုင်ဘူး၊ ငါက အသန့်အပြန့်ကြိုက်လွန်းတာ မဟုတ်ပေမယ့်လည်း၊ ရောဂါဆိုတာ မြင်ရတာမှ မဟုတ်တာကွာ။
ဒီတော့ ဂျောက်ကလေးရယ်၊ ဆောရီးပါ။ မင်းကိုငါ ၃ညတိတိ အပြင်မှာ date လုပ်ခွင့်ပေးခဲ့တာဘဲ။ ဒီနေ့တော့ မင်းဘာသာ တံခါးလာခေါက်ပြီး ၀င်လာတာလေ။ ရေလဲချိုးပေးပြီးပြီ၊ နောက်အပတ်လဲ ဆေးထိုးဖို. appointment ယူပြီးပြီ။ မင်း နောက်တခါ အပြင်ထပ်ထွက်ဖို. မကြံပါနဲ့။ နောက်တခေါက်ဆို မင်းကိုပါ အိမ်ပေါ်က နှင်ချမယ်။ ဟွန်း....း(

3 comments:

  1. ဖျားဖျား ညီ့ဂျောက်ဂျက်က သောင်းကျန်းသူပါလားဟ....၊ကိုယ့်အိမ်က
    ကောင်တွေဆို အဲ့လိုသောင်းကျန်းလို့ကတော့ ၂ချက်လောက်ပိတ်ကန်ပြီး
    သားပဲ....:)))။ရည်းစားလည်းရနေပြီလား...၊အတော်ကဲ....:)
    ဒါနဲ့ ဟိုဆိုက်ကိုရှာတာတွေ့သေးဘူး..၊သယ်ရင်းတစ်ကောင်ကိုလည်းကူရှာ
    ခိုင်းထားတယ်...၊တွေ့တော့တွေ့တယ် ပိုက်ဆံတောင်းတဲ့ဆိုက်တွေ...:(

    ReplyDelete
  2. သောင်းကျန်းချက်ကတော့ ကမ်းကုန်နေပြီ။ ဒါပေမယ့် မဆူရက်ပါဘူးဗျာ။ သူလဲ အခန်းလေးထဲမှာ တစ်ယောက်တည်း ကျန်ခဲ့ရသူဆိုတော့လည်း ဒါလေးဘဲ ပတ်ပြီးဆော့နေရတာလေ။
    ရည်းစားရတာတော့ ဘာမြန်သလဲ မမေးနဲ့။ ဟိုကြောင်မကြီးက ကြီးလှပြီ။ သူနဲ့ ယှဉ်ရင် ဟိုက အကောင်အကြီးကြီးဘဲ။ ခက်တာက အချစ်မှာ မျက်စိရှိဘူးလေ။ ဟီဟိ
    invincible youth 2 ပြတဲ့ဆိုက် တွေ.ပြီအစ်ကို။ မရှာနဲ့တော့။ ကျေးဇူး။း)

    ReplyDelete
  3. ရီရတယ်.. သားလူပျိုနဲ့ တိုင်ပတ်နေတာ ဘေးကလူအတွက်တော့ ပျော်စရာကြီး

    ReplyDelete