၁) အမေနဲ့ ဖုန်းပြောဖြစ်တယ်။ သင်္ကြန်တွင်း သူတို.တွေ မြောက်ဦးသွားလည်ကြမလို.တဲ့။ ဒီနေ့ညသွားကြမှာတဲ့။ ဒီကြားထဲ ဖုန်းမခေါ်နဲ့တဲ့။ အရမ်း မနာလိုဖြစ်မိတယ်။ စိတ်လဲမကောင်းဘူး။
၂) ဂျောက်ဂျက်လေး အရမ်းပိန်နေတယ်။ ဘာဖြစ်လို.များပါလိမ့်။ နဲနဲ စိတ်ပူမိတယ်။
၃) အလုပ်ထဲမှာ စိတ်ကုန်ရတဲ့အချိန်တွေ များများလာတယ်။ ဘာလို.များ ငါ့စကားကို နားမထောင်ကြတာပါလိမ့်။ ပြောချင်တာပြော လုပ်ချင်တာလုပ်မယ်ဆိုတဲ့သူတွေ များနေတယ်။ လူကြီးတွေကို အုပ်ချုပ်ရတာ အရမ်းစိတ်ကုန်စရာကောင်းတယ်။
၎) Invincible youth2 ကြည့်လို.ရတဲ့ link ပြန်တွေ.ပြီ။ ပျော်လိုက်တာ။ BORA လေးက ပိုပိုချောလာတယ်။ Amber နဲ့ Woori ထွက်တော့မယ်ဆိုတော့ စိတ်မကောင်းဘူး။ သူတို.က ရီစရာကောင်းလို.ပါ။
၅) SISTAR အဖွဲ.ရဲ့ new album ကို အွန်လိုင်းကနေမှာထားတယ်။ ၁ပတ်အတွင်း ရောက်မယ်တဲ့။ ပျော်လိုက်တာ။ ချစ်ချစ် BORA လေးရဲ့ autograph နဲ့ Wall paper လက်ဆောင်ပေးမှာတဲ့။
၆) ဘာမှ မယ်မယ်ရရ လုပ်စရာမရှိလို. လူတကာကို ဖုန်းလျောက်ခေါ်မိတယ်။ သူတို.တွေကတော့ အလုပ်တွေရှုပ်နေကြတော့ ခေါ်မိတာ အားနာတယ်။ ကျွန်တော်က ပျင်းလို.ပါ။ ဆောရီးနော်။
၇) Club မသွားချင်တော့ဘူး။ ယောက်ျားအစစ်တွေနဲ့ မိန်းမအစစ်တွေဘဲ ရှိတဲ့နေရာတွေမှာ မပျော်တော့ဘူး။ ကိုယ်က တစ်ယောက်တည်း တီးလုံးတွေကြားမှာ အထီးကျန်နေရတာ စိတ်ညစ်တယ်။
၈) နှစ်ဆန်း၁ရက်နေ့တော့ ဥပုသ်စောင့်နိုင်အောင်ကြိုးစားရမယ်။ တခြားဟာတွေ လိုက်နာရတာ မခက်ပေမယ့်၊ သီချင်းနားမထောင်ဖို.နဲ့ အင်တာနက် မသုံးဖို.တော့ တော်တော် ထိန်းချုပ်ရမယ်။း(
၉) ခုတလော ခြေထောက်တွေကိုက်ကိုက်နေတယ်။ စိတ်ညစ်တယ်။
၁၀) ရာသီဥတုကလည်း ပူလိုက်တာ။း(
No comments:
Post a Comment