၁) ဒိုင်ယာရီစာအုပ်ပျောက်သွားတယ်။ စိတ်မကောင်းဘူး။ ထူးထူးခြားခြားရေးထားတာ မရှိပေမယ့်၊ အလုပ်နဲ့ ပတ်သက်တာလေးတွေ မှတ်ထားတာမို. နှမြောမိတယ်။
၂) အလုပ်ထဲမှာ ဘိုးတော်က ရုံးခန်းမှာ ထိုင်ချိန်နည်းလာပြီ။ သနားပါတယ် တနေကုန် ပြေးလွှားနေရတယ်။ အစည်းအဝေးတွေကလဲ တရစပ်ဘဲ။ သူအရမ်းအလုပ်ရှုပ်နေချိန် ကိုယ်က ပေါ့ပေါ့ပါးပါး အလုပ်လုပ်နေရတော့ အားနာတယ်။
၃) ကြောင်ကလေးပျောက်နေတယ်။ ဘယ်တွေ အလည်လွန်နေလဲ မသိပါဘူး။ ထမင်းလဲ လာမစားတော့ဘူး။
၎) ရည်းစားဟောင်းလေး သူ့.ကောင်လေးနဲ့ ပြတ်သွားပြီတဲ့။ စိတ်မကောင်းပါဘူး။ Valentine မှာ အဖော်မဲ့နေမှာ ကိုယ်ချင်းစာပါတယ်။
၅) ဒီလ အသုံးနည်းနည်းလွန်သွားတယ်။ တလလုံးသုံးစရာ ဘာမှ မကျန်သလောက်ဖြစ်နေပြီ။ မြွေဘဲ။ လမြန်မြန် ကုန်ပါတော့ဗျာ။
၆) အစားတွေ လှိမ့်စားပြီး ၀လာလိုက်တာ ၀က်နဲ့တူနေပြီ။ စိတ်ပိန်တယ်။
၇) ဂီတတစ်ခုခုမှာ ကျွမ်းကျင်သူဖြစ်ချင်တယ်။
စိတ်ပိန်ပြီး လူဝတာပေါ့ အချိုးမညီဘူး။
ReplyDelete