Monday, February 6, 2012

ဒီနေ့ မေမေ နေမကောင်းဘူးတဲ့။ သူအားငယ်နေရှာမှာဘဲ။ သနားပါတယ်။ တော်သေးတာပေါ့ မကြီးအနားမှာ ရှိလို.။
အရင်တစ်ပတ်လုံးလုံး balcony တံခါးဖွင့်မိလို.၊ ဖြုတ်လိုလို အကောင်လေးတွေ အခန်းထဲဝင်လာတယ်။ မခံစားနိုင်တော့လို. မြင်မြင်သမျှ လိုက်သတ်မိတယ်။ ငရဲတော့ကြီးပါပြီ။
ညက အရမ်းကို ဆိုးဝါးတဲ့ အိပ်မက်မက်တယ်။ အရမ်းကြောက်ဖို.ကောင်းတာဘဲ။ မနက်၃နာရီမှာ လန်.နိုးပြီး ပြန်အိပ်လို.မရခဲ့ဘူး။ အလုပ်ထဲမှာ အိပ်ငိုက်တာပေါ့။
Dream High ဆိုတဲ့ ကိုရီးယားကားကြည့်ဖြစ်တယ်။ Sky High ဆိုတဲ့ အင်္ဂလိပ်ကားကို ကျောရိုးယူပြီး ပြန်ရိုက်ထားတယ်လို. ခံစားရတယ်။ သူတို.လဲ ကော်ပီိတွေပါဘဲ။ ဒါပေမယ့် သူတို. ကော်ပီကျတော့ အပြစ်မပြောကြဘဲ၊ ကိုယ့်နိုင်ငံက ကော်ပီလုပ်သူတွေကိုကျတော့ ပစ်ပစ်နှစ်နှစ် ဝေဖန်ကြသူတွေကို အံ့သြမိတယ်။
သူများတွေ အလုပ်ထွက်တာ မြင်တော့ အားကျမိတယ်။ တကယ်ပါ ဒီအလုပ်မှာ လုံးဝမပျော်ဘူး။ စိတ်ဓာတ်ကျလာပြီ။
ကြောင်ကလေးက ဆိုးလွန်းလို. သူ.ကို အခန်းထဲ ခေါ်မထားတော့ဘူး။ တံခါးဝမှာ လာလာအော်နေတာ စိတ်မကောင်းဘူး။ တတ်နိုင်ဘူး ကလေးရယ်၊ နင်ရှိရင် ငါအိပ်ရေး အရမ်းပျက်ရတော့ အလုပ်ရောက်ရင် အဆင်မပြေဘူး။ အစာခွက်တော့ တံခါးရှေ.မှာ အမြဲထားထားပေးပါတယ်။
အခုတလော ကောင်မလေးတွေကို စိတ်သိပ်မ၀င်စားတော့ဘူး။ ဘာလို.လဲတော့ မသိပါဘူး။ စိတ်ညစ်နေလို. ဖြစ်မယ်။ အချစ်စိတ်တွေလဲ မနိုးကြားတော့ဘူး။ ရည်းစားမ၇ှိတုန်း ပိုက်ဆံစုဦးမှ။

No comments:

Post a Comment