Sunday, January 29, 2012

ခံရတာတွေ များလွန်းတော့
မရင့်ကျက်ပေမယ့်လဲ
သင်ခန်းစာတွေကို ကြေညက်လာပြီ
သဘောကောင်းတယ်၊ ခင်ဖို.ကောင်းတယ်
ဆိုတဲ့ စကားတစ်ခွန်းသုံးပြီး
ငါ့ကို နင်းဖြတ်နေကြတာ ဘယ်နှယောက်ရှိနေပြီလဲ
ကြာလာတော့
ငါကိုယ်တိုင်လဲ လူတွေကို မယုံချင်တော့ဘူး
သဘောလဲ မကောင်းပြချင်တော့ဘူး
ခက်နေတာက မှန်နေရက်နဲ့ ပြန်မပြောရဲတဲ့
အရာရာကို ပြတ်သားမှုမရှိတဲ့
ငါ့ကိုယ်ငါဘဲ မုန်းတယ်

2 comments:

  1. အင်း......ကျွန်တော်လည်း မပြတ်သားတတ်ဘူးဗျ...။မှန်နေပေမယ့် တော်ရုံနဲ့
    ပြန်မပြောတတ်တာလည်းတူရဲ့...။အားနာတတ်တာက ခက်တာဗျ.....:(

    ReplyDelete
  2. အေးဗျာ.. ကျွန်တော်လဲ စိတ်ညစ်တယ်။ မွေးရာပါ အားနည်းချက်လို ဖြစ်နေပြီ။ အလုပ်ကြိုးစားရုံကလွဲလို. ဘာမှ မလုပ်တတ်တော့ ခက်တယ်။ ခုခေတ်က လူရည်လည်မှ တိုးတတ်တာဆိုတော့....း(

    ReplyDelete