Thursday, January 26, 2012

ဒီနေ့ နားရက်မှာတော့ ချစ်သူအသစ်လေးနဲ့ပေါ့။ ချစ်သူအသစ်ဆိုလို. ကောင်မလေး မဟုတ်ပါဘူးဗျာ။ ကြောင်မလေးပါ။ အိမ်က ချဉ်ဖတ်လေး(အဖြူမလေး) ညက မပြောမဆို အပြင်ထွက်သွားတော့၊ အခန်းပြင်မှာ အသင့်စောင့်နေတဲ့ အသေးလေးက နယ်ချဲ့လာတာပေါ့။ ဟိုတစ်ယောက်က စွာလန်ကျဲနေသလောက်၊ ဒါလေးကတော့ တော်တော်ချွဲတယ်။ သူ.အိပ်ယာပေါ်မှာ အိပ်တာတောင် မျက်လုံးလေးက အမြဲသနားစရာ လှမ်းကြည့်နေတတ်တော့ Tom တစ်ယောက် အချစ်တွေပိုရပြန်တာပေါ့။ ဟိုတစ်ယောက် မရှိတုန်း၊ သူ.အစာတွေကျွေး၊ သူ.အိပ်ရာပေါ်တတ်အိပ်နေတာသာသိရင် ဘယ်လောက်ဂျေတွေဝင်နေမလဲမသိဘူး။ ခုနကတော့ အတင်းလိုက်ဆော့နေလို. mobile phone က ကြိုးချိန်းလေးပေးထားမှ ကျေနပ်သွားတယ်။ မဟုတ်ရင် ဖုန်းပြောတာ လိုက်ဆော့နေလို.လေ။ အခုတော့ သူအားရအောင်ဆော့ပြီး အိပ်ဖို.ပြင်နေပြီ။ ကျွန်တော်လဲ အမေနဲ့ အွန်လိုင်းပြောဖို.စောင့်ရင်း ဗိုက်ဆာနေပြီ။ ဒီနေ့လဲ မရိုးနိုင်တဲ့ ခေါက်ဆွဲလေးပြုတ်စားဦးမှ။ ဒီနိုင်ငံကို ရောက်ကတည်းက စားနေရတဲ့ ခေါက်ဆွဲပြုတ်လေး၊ သူသာမရှိရင် ငါဘယ်လိုအသက်ဆက်ရပါ့။း)
YUMMY!

No comments:

Post a Comment