ဒီနေ့ Daddy အိမ်ကို လိုက်တော့၊ အခန်းထဲမှာ စီးကရက်နံတာကို ခါးခါးသီးသီး အပြစ်ပြောနေတာ တွေ.ရတော့ ကျွန်တော် တော်တော်ရှက်မိပါတယ်။ လိပ်ပြာလဲ မလုံဘူး Daddy ရယ်။ Daddy ဒီအရွယ်ထိ ဆေးလိပ် လုံးဝမသောက်ခဲ့ပေမယ့် ကျွန်တော် စီးကရက်ကို စဖွာဖြစ်နေခဲ့ပြီ။ ဒါကြောင့် အိမ်ပြန်ချိန် Daddy လိုက်ပို.မယ်ဆိုတော့ ကျွန်တော် ခါးခါးသီးသီး ငြင်းခဲ့တာပါ။ အခန်းထဲမှာ စီးကရက် အတိုအစတွေသာမက၊ တခန်းလုံး စီးကရက်နံ့တွေ မွှန်ထူနေတာသာ Daddy သိခဲ့ရင်၊ ဆွဲထိုးခံရမှာ သေချာတယ်ထင်တယ်။း(
ကျွန်တော် ရင်တွေပူနေတယ် Daddy. အရက်ကိုတော့ လုံးဝမသောက်ပါဘူး။ စိတ်ချပါ။ စီးကရက်ကတော့ ကျွန်တော့်ကို စိတ်ချမ်းသာမှု ခဏလောက်ရစေသလိုဘဲ ခံစားရလို.ပါ။ ခုနက Bus ကားပေါ်က အဆင်း သူမကိုတွေ.လိုက်ရတယ်။ ပိန်သွားတာကလွဲရင်၊ သူမ ဘာမှ မပြောင်းလဲဘူး။ အရမ်းလွမ်းတယ်Daddy ရယ်။ ရီသလို မောသလိုနဲ့ ဖုန်းကောက်ဆက်ရင် ကောင်းမလား စိတ်ကူးမိသေးတယ်။ ဒါပေမယ့် နောက်တစ်ခါ ထပ်မစွန့်စားရဲတော့ဘူး။ နောက်တစ်ကြိမ် အစွန့်ပစ်ခံရရင် ကျွန်တော် ခံနိုင်ရည်ရှိမယ် မထင်တော့ဘူး။ ဒီတစ်ခါတော့ တကယ်သတ်သေဖြစ်မှာ။
Daddy နဲ့ ဦးထင် တို.က ကျွန်တော် ပိန်သွားတယ်ပြောတယ်နော်။ စိတ်ချမ်းသာအောင်လို. ၀ိတ်လျော့ နေတာလို. ပြောခဲ့ရပေမယ့်၊ ကျွန်တော် တကယ် အထီးကျန်နေတာပါ။ စားချင်စိတ်လဲ မရှိ၊ အလုပ်မှာလဲ မပျော်၊ သူငယ်ချင်းတွေနဲ့လဲ အရင်လူတွေလောက်မခင်ဘူးဗျာ။ အလုပ်သစ်၊ နေရာသစ်၊ ပတ်ဝန်းကျင်သစ်မှာ Lonely ဖြစ်နေတယ်။ ဒါတွေကို မခံစားနိုင်လို. ရန်ကုန်ကို ဈေးကြီးကြီး လေယာဉ်ခအကုန်ခံပြီး တစ်ပတ်ထဲပြန်တာပါ။ မေမေ့ကို အရမ်းလွမ်းတယ်လေ။ တခါတခါဆို ရူးသွားမလား တွေးမိတယ် Daddy ရယ်။ ဒါကြောင့် စိတ်ကို ခဏအနားပေးတာပါ။ သူများတိုင်းပြည်တွေလို လေယာဉ်ခ ဈေးသက်သာရင်ကောင်းမှာဘဲနော်။ ဒါဆို ကျွန်တော် ခဏခဏပြန်ဖြစ်မှာ။ အခုတော့ ၁နှစ်၁ခါနဲ့ ကျေနပ်ရမှာပေါ့လေ။
Anyway I love you Daddy!
daday also love you. I believe.
ReplyDelete