ဒီနေ့တော့ အလုပ်ထဲက အကြောင်း တချို. ရင်ဖွင့်ချင်တယ်။ တနေ့တနေ့ under educated person, over educated person တွေနဲ့ အလုပ်လုပ်ရတာ တော်တော် ပင်ပန်းလာပြီ။ Construction workers တွေနဲ့ Senior Management Level တွေကြားမှာ တကယ်ခေါင်းစားရတယ်။ အော်လိုက်ရင် မျက်နှာငယ်လေးတွေနဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ ပြောပြီး၊ မျက်နှာလှည့်လိုက်တာနဲ့ လုပ်ချင်တာ လုပ်ကြတဲ့ အကျင့်ဆိုးတွေ၊ လူကို အထက်စီးကနေ တင်စီးပြီး ခိုင်းတတ်တာတွေကြားမှာ ကျွန်တော် တကယ်ကို စိတ်ကုန်လာပြီ။ ဘာဆက်လုပ်ရမလဲ။ ကျောင်းတတ်တုန်းက စာမကျက်ချင်ခဲ့တဲ့ ကျွန်တော်၊ အလုပ်မှာလဲ စိတ်မပါတော့ပြန်ဘူး။ ဘာလုပ်လုပ် စိတ်မရှည်မှု၊ အလျင်လိုမှုတွေကြောင့် ခဏခဏ အလွဲလွဲအချော်ချော် ဖြစ်ခဲ့ရတယ်။ ဒါပေမယ့် ကြောက်တတ်ခြင်းနဲ့ ဇွဲကောင်းတတ်ခြင်းတို.ကြောင့် ထိုက်တန်တဲ့ နေရာလေးတစ်ခု ရထားတယ်။
အဝေးဆုံးကို ထွက်ပြေးလိုက်ချင်ပြီ မေမေရယ်။ ဘာဆက်လုပ်ရမလဲ။ လူတွေက မန်နေဂျာတစ်ယောက်ဆိုပြီး အထင်ကြီးပြီး ကြည့်ကြတဲ့ မျက်လုံးတွေကြားမှာ ကိုယ့်ကိုယ်ကို မလုံတော့ဘူး။ လုပ်ရတဲ့ လုပ်ငန်းခွင်ကိုလဲ မယုံကြည်ချင်တော့ဘူးဗျာ။
I miss you may may...
No comments:
Post a Comment