သန်ဘက်ခါ စာမေးပွဲရှိတယ်..
ခုလောလောဆယ် စာတွေ အသဲအသန်ကျက်နေရတယ်.. ပစ်ထားတာ ၆လလောက်ရှိပြီ...
Energy Atmosphere တွေနဲ့ Water Inefficiency နဲ့ Green Building နဲ့ ဘာတွေမှန်းမသိ အကုန်ရောကုန်ပြီ...
စာအုပ်တွေလဲ ဟိုဟာပြန်ဖတ်လိုက် ဒီဟာပြန်လှန်လိုက်နဲ့
ဖတ်ပြန်တော့လဲ သိသလိုလိုနဲ့ တကယ်ကျတော့ မသိဘူး ဖြစ်နေတယ်..
နောက်နေ့မှ ကျက်မယ်ဆိုတဲ့ စိတ်ကြောင့်.. ခုချိန်ထိ မနက်ဖန်မှ ကြည့်မယ်ဆိုပြီး အကြွေးထားထားသေးတယ်..
ဒီ Pre Test ၂ခုကိုအောင်မှ တကယ့် စာမေးပွဲကို ၀င်ဖြေလို.ရမှာ..း(
စိတ်လဲညစ်တယ်.. စာမရပေမယ့် မြန်မြန်တော့ ဖြေပြီးချင်သား...
အောင်လား၊ ကျလား မြန်မြန်သိရတော့လဲ မြန်မြန်ပြီးတာပေါ့လေနော်...း)
စာကျက်နေတဲ့ကြားကနေ ဘိုရာလေးရဲ့ variety show ကို English စာတန်းထိုးတာလေးတင်လို. ပြေးကြည့်ရသေးတယ်.. ဟိဟိ.. Break Time ယူတာ...
ခရီးသွားဖို.ကလဲ လေယာဉ်လက်မှတ်တွေ ဈေးကြီးလိုက်တာ..း(
မေကြီးကတော့ပြောတယ်... ငါဘာမှ မပြောတော့ဘူး.. စိတ်ညစ်တယ်တဲ့...ေိခိ...
ဆောရီးပါ ချစ်မေကြီးရယ်.. မြန်မာပြည်ပြန်ရောက်ရင် လိမ်မာပါ့မယ်နော်... အာဘွား
No comments:
Post a Comment