ကိုယ့်ကိုယ်ကို ရင့်ကျက်လာတယ်မထင်ပေမယ့် အမေ့ရဲ့ ရင်ဖွင့်သံတွေကို မျှဝေခံစားတတ်သူဖြစ်လာတယ်..
အမြဲလိုလို အနိုင်ယူတတ်ခဲ့သလို အလျော့ပေးရမယ့်အချိန်တွေအတွက်လဲ အဆင်သင့်ဖြစ်လာခဲ့တယ်..
အသက်တွေကြီးလာခဲ့ပြီ...
လိုတာထက်လဲ ပိုတွေးလာတတ်ခဲ့ပြီ...
ပေါင်းနေတဲ့ ဥရောပသူငယ်ချင်းတွေနဲ့လဲ ခဏခဏငြင်းခုံရန်ဖြစ်ရလောက်အောင်လဲ ဇီဇာကြောင်တတ်လာတယ်..
မြန်မာတွေက အာရုံနောက်တယ် .. အပေါင်းအသင်းမလုပ်ချင်ဘူးဆိုပြီး ပွင့်လင်းတဲ့ နိုင်ငံခြားသားတွေနဲ့ဘဲ ရွေးပေါင်းခဲ့တဲ့ ကျွန်တော် အခုတော့ အမြင်မတူတဲ့ ယဉ်ကျေးမှုမတူတဲ့ လူတွေဆီကနေထွက်ပြေးနေမိပြီ..
ဘာဘဲဖြစ်ဖြစ်လေ..
အချိန်တန်တော့လဲ သူ.အလိုလိုပြောင်းလဲလာကြတာဘဲ..
ကျွန်တော်တောင် အမြဲပေါ့ပေါ့ပါးပါးနဲ့ မျောက်တစ်ကောင်လို ခုန်ဆွဆွနေတတ်ခဲ့တာ
အခုတော့ အတွေးများ ဇီဇာကြောင်တဲ့ အန်တီကြီးတစ်ယောက် မကြာခင်ဖြစ်တော့မှာဘဲလေ...
အသက်၂၈ဆိုတာ ငယ်မှ မငယ်တော့တာနော်...
း)
28 ဆိုတာ ငယ်ငယ်လေးပဲရှိပါသေးတယ်ဟ....၊အင်း....ဇီဇာကြောင်နဲ့အန်တီ
ReplyDeleteကြီးတစ်ယောက်မဟုတ်ပေမယ့် ဇီဇာကြောင်တဲ့အန်တီလေးတော့ ဖြစ်နေမယ်
ထင်တယ်....ေိေိေိ
ဧီးဟီး... ကလေးတွေနဲ့ ယှဉ်ရင်တော့ ကျွန်တော့်အသက်၂၈က မငယ်တော့ဘူးဗျ... :D
Deleteအမြဲလာလည်တဲ့အတွက်ကျေးကျေး ချစ်ကိုကြီး