CHAPTER -2
ညနေစောင်း တရေးနိုးတော့ နာရီကို တစ်ချက်လှမ်းကြည့်မိသည်။
“ ၀ှား… ၆နာရီတောင် ထိုးပြီ… “ အပျင်းကြောဆန်.ရင်း ရေရွတ်မိသည်။
မျက်လုံးဝေ့ရင်း အခန်းထဲကို ရှာကြည့်တော့ မမတစ်ယောက် ပြန်မရောက်သေး။
ဗိုက်ထဲက အချက်ပြသည်နှင့် မီးဖိုဆောင် ဘက်ကို ထွက်လာခဲ့သည်။
ဝိုး… ဟင်းတွေကရှယ်ဘဲ.. ၀က်သားဟင်းနဲ့ ငပိထောင်း၊ သီးစုံချဉ်ရည်နှင့်
တို.စရာအစုံ။ ပန်းကန်တစ်ချပ် မြန်မြန်ဆွဲယူရင်း စားစရာတွေကို ခပ်သွက်သွက် ပန်းကန်ထဲ
ထည့်ယူခပ်စားလိုက်သည်။ အရသာလဲ တော်တော်ကောင်းသည်ဘဲ။ ဒီလို မမချောချောက ချက်သောဟင်းတွေက
သူ.လိုဘဲ ပြီးပြည့်စုံနေပါရောလား။
စားပြီးသောက်ပြီး ပန်းကန်ဆေးရင်း တွေးမိသည်၊ ဒီလောက် နောက်ကျနေပြီ
ဘယ်တွေသွားနေပါလိမ့်။ ခုထိပြန်မလာသေးဘူး။
….~~~..~~….
ထမင်းစားပြီး TV ရှေ.မှာ MRTV -4 မှာလာသော ဂိမ်းအစီအစဉ်ကို ထိုင်ကြည့်ရင်း
အချိန်ဖြုန်းနေလိုက်သည်။
“ Beep Beep… Beep
Beep…” ဧည့်ခန်းထဲမှ ဖုန်းကမြည်လာသည်။
“ဟလို” သော်သော် ဖုန်းကို ကောက်ကိုင်ရင်း ပြန်ထူးမိသည်။
“ငုဝါလား… ငါပါ မီမီ…”
“ငုဝါ မဟုတ်ပါဘူး…သူ.ညီမပါ..”
“အော်….အေး..ဘယ်သူဖြစ်ဖြစ်ဟာ… မိုးယုကို မြန်မြန်လာခေါ်စမ်းပါ…မူးပြီး
မှောက်နေလို.”
“ဟုတ်ကဲ့ အစ်မ…လာရမယ့် နေရာလေး တစ်ချက်လောက်….”
“လိပ်စာက… xxx xxx…”
သော်သော် ဖုန်းချပြီးသည်နှင့် ဆိုဖာပေါ်မှ ကျောပိုးအိတ်ကို ကောက်ဆွဲကာ
အိမ်တံခါးသော့ခတ်ပြီး အမြန်ပြေးတော့သည်။
မမီမီပြောသောနေရာရောက်တော့….
ဟော တွေ.ပါပြီ… မမ….
တစ်ကိုယ်လုံးလဲ အရက်နံ့တွေ မွှန်ထူနေပြီး၊ လူမှန်းသူမှန်းလဲ မသိတော့ပေ…
မမီမီက သော်သော့်ကို ကူညီပြီး Taxi ပေါ်ရောက်သည်ထိ တင်ပေးသည်။ ကားပေါ်မှာလဲ
ငိုယိုရင်း စကားတွေ ဗလုံးဗထွေးနှင့်…..
“သူအရမ်းရက်စက်တယ် ငုဝါရယ်… သူက လမ်းခွဲမယ်တဲ့… အရင်အပတ်ကဘဲ သူ.မွေးနေ့ကို
တူတူကျင်းပခဲ့တာလေ… “
အင်း…ဒီမမ ရည်းစားနဲ့ပြတ်လာတယ်ဆိုတာ ဗေဒင်မေးနေစရာပင်မလိုတော့…
xxxx….xxxx..x.xx
အိမ်ခန်းထဲရောက်အောင် အားကုန်သုံးရင်း ဆွဲမခေါ်လာခဲ့ရသည်။ တံခါးဖွင့်ပြီး
အခန်းထဲရောက်တော့ ၂ယောက်လုံး ကြမ်းပေါ်လုံးထွေးကျသွားသည်။ မမက သူ.အပေါ်မှာ … သူမ နှုတ်ခမ်းက
သော်သော်ပါးပြင်ကို ထိကပ်ထားသည်။ သော်သော် ရင်တွေခုန်လာပြီး မမကိုတွန်းဖယ်မိသည်။
“မမ..ထ… အိမ်ပြန်ရောက်နေပြီ..” ပြောရင်းဆွဲထူလိုက်တုန်း….
“ဝေါ့…” သွားပြီ… သူမအန်ထဲ့လိုက်တာ သူရော သော်သော်ရော အ၀တ်တွေပေကုန်သည်။
“ဟာကွာ…” သော်သော် ခပ်ညည်းညည်းရေရွတ်ရင်း သူမကို ရေချိုးခန်းထဲ
ဆွဲခေါ်လာရပြန်သည်။
Bathtub ထဲ ပွေ.ချီထည့်ရင်း ရေပိုက်ဖွင့်ပေးလိုက်သည်။
“မ… ရေချိုးပြီး သန့်ရှင်းရေးလုပ်လိုက်ဥိး…ကျွန်တော် ပြန်လာခေါ်မယ်..”
ပြောရင်း ရေချိုးခန်းတံခါးစေ့ကာ သော်သော် အိပ်ခန်းဘက်ထွက်လာခဲ့သည်။
သော်သော် အကျီင်္လဲပြီးသည့်အချိန်ထိ မမ တစ်ယောက် ရေချိုးခန်းထဲမှ
ထွက်မလာသေး….
စိတ်ပူပြီး စေ့ထားသော ရေချိုးခန်းတံခါး တွန်းဖွင့်ကြည့်တော့…
Bathtub ထဲမှာ ရေတွေနဲ့အတူ အိပ်ပျော်နေသည်။
“ဟာာာာာာ….မြွေဘဲကွာ…..” သော်သော် စိတ်ပျက်လက်ပျက်ညည်းညူရင်း..ရေတွေစိုရွှဲနေသော
မမကပွေ.ချီကာ ကုတင်ရှိရာ အိပ်ခန်းသို.ခေါ်လာခဲ့သည်။ ဒီညအတွက်တော့ တကယ်ကို မစားသာ မမကိုပွေ.ချီရတာနဲ့တင်
အားတော်တော်ကုန်နေပေပြီ…
ကုတင်ပေါ်မတင်ခင် တဘက်တစ်ထည်နှင့် သူမကိုယ်ကိုပတ်ပေးပြီးမှ ပွေ.တင်လိုက်သည်။
မမက တဘက်ကို ဆွဲခွာလွှင့်ပစ်တော့ သော်သော်တစ်ယောက်ခေါင်းခြောက်ရပြီ… အဲဒါမှ ပြသနာ… ဒီအတိုင်းထားခဲ့ရင်လဲ
အအေးပတ်ပြီး ဖျားမှာစိုးရသည်။ တခုခုလုပ်ပေးရအောင်လဲ….အင်း… မိန်းခလေးအချင်းချင်းဆိုပေမယ့်
ကိုယ့်စိတ်က ပုံမှန်မဟုတ်တာ ကိုယ်ဘဲသိသည်။ သော်သော်က Tomboy ဆိုတော့ ကောင်မလေးမြင်ရင်
ရင်ခုန်တတ်သူ။ ခုလိုသာ အ၀တ်တွေလဲပေးရမယ်ဆိုရင်တော့….
“ဟပ်ချိုး…..ဟပ်ချိုး..” အတွေးတွေပွားနေတုန်း မမတစ်ယောက် နှာချေနေပြီ…တစ်ကိုယ်လုံးလဲ
တုန်စပြုနေပြီ…မတတ်နိုင်တော့..သော်သော် ဆုံးဖြတ်ချက်ကို မြန်မြန်ချကာ အ၀တ်ဗီရိုမှ ညအိပ်ဝတ်စုံတစ်စုံကို
ခပ်မြန်မြန်ဆွဲယူကာ လုပ်ငန်းစသည်။
စစချင်း အပေါ်ဝတ်အကျီင်္နှင့် စကတ်ကိုချွတ်လိုက်သည်။ အတွင်းခံသာကျန်တော့သော
မမရဲ့ ခန္ဓာကိုယ်အလှကို ငေးစိုက်ကြည့်ရင်း
သော်သော့်ရင်တွေ ပိုးစိုးပက်စက်ခုန်လာသည်။
ဟူး…ဒီတိုင်းတွေဝေနေလို.
မဖြစ်သေး….
ကျန်နေသော
Bra ကိုဖယ်ရှားလိုက်သောအခါ….
“Oops….” တံတွေးမြန်မြန်မျိုချပြီး
လက်ထဲတွင် အဆင်သင့်ရှိနေသော ည၀တ်အကျီင်္လေးနှင့် လဲဝတ်ပေးလိုက်သည်။ အမှန်တော့ ထိုအကျှင်္ီမှာ
မမအက်ီၤလား၊ မမငု၀ါ အက်ီၤလား သူလဲသေချာမသိ…. အဆင်ပြေတာ ကောက်စွပ်ပေးလိုက်ချင်းသာ…
နောက်ဆုံးအဆင့်ဖြစ်သော
အတွင်းခံဘောင်းဘီကို အသက်၀၀ရှူ၊ ခပ်မြန်မြန်ချွတ်ကာ ည၀တ်ဘောင်းဘီနှင့် လဲဝတ်ပေးလိုက်သည်။
အားလုံးပြီးသွားတော့ သော်သော့်ရင်တွေခုန်ကာ အသက်ရှူတွေတောင် ကြပ်လာသည်။ ဟူး….. ဒါတောင်
ပထမညဘဲရှိသေးတယ်… အာရုံထဲမှာတော့ မမရဲ့ ပြီးပြည့်စုံလွန်းသော ခန္ဓာကိုယ်အလှက ရူးလောက်အောင် စွဲမက်ကျန်ခဲ့သည်။
ရေချိုးခန်းသွားပြီး
စိတ်လိုလက်ရ မမရဲ့ ရေစိုအ၀တ်တွေ သေချာလျော်ပြီး လှန်းပေးမိသည်။ မလုပ်လဲရပေမယ့် ရင်ထဲမှာ
လုပ်ပေးချင်စိတ်က တားမရ ဆီးမရ…..
xxx….xxxxx….xx
:)
ReplyDeleteI will waiting ur next chapter:)
ReplyDeleteThanks for supporting my Lesbian love story.. :)
ReplyDeleteI will be ur fan 4ever.believe it or not!
Deletei hav finished ur all posts.
i m from GTU(hmawbi),attending B.tech first yr,civil.
Take care ur health & ur heart!:P
Oops...thanks thanks ..being my fan.. :)
DeleteI'm also from GTU but Thanlyin. haha but I already graduate 7 years ago.
Nice to meet you HT..