Wednesday, December 26, 2012

မကြာတော့သော January 2013 ရဲ့ တတိယပတ်မှာ ကျွန်တော်ချစ်တဲ့ Daddy တစ်ယောက် သူ.သမီးရှိတဲ့ လန်ဒန်ကို အပြီးပြောင်းတော့မယ်တဲ့။
ဒီနေ့ Daddy ကဖုန်းဆက်ပြီးပြောတယ်... ကျွန်တော်က ဘယ်လိုမှမနေလို.တဲ့။
ကျွန်တော့်ကို ဘာဖြစ်စေချင်လို.လဲ Daddyရယ်... ကျွန်တော် အားလုံးကိုချစ်ပါတယ်.. ဒါပေမယ့် ကျွန်တော်ချစ်နေတာ တစ်ခုတည်းနဲ့ Daddy ဒီနိုင်ငံမှာ ဆက်နေမှာမှ မဟုတ်တာ... လူတိုင်းမှာ ကိုယ်ပိုင်ဘ၀ကိုယ်စီရှိကြတာဘဲလေ.... Daddy မှာလဲ ကိုယ်ပိုင်မိသားစုရှိတာဘဲ... အချိန်တန်လို. မိသားစုနောက်လိုက်တာ သဘာဝဘဲလေ ... ကျွန်တော် ငိုကြွေးနေလို.ရော Daddy ပြန်လာမှာမှ မဟုတ်တာ...
Daddy ကပြောတယ်.. ကျွန်တော် အသဲမာတယ်တဲ့.. အသဲမာမာ ပျော့ပျော့ ကျွန်တော်လဲ ခံစားချက်ရှိတဲ့ လူတစ်ယောက်ပါဘဲ... ခက်တာက ကျွန်တော် ကိုယ့်ကိုယ်ကို ပိုချစ်တယ်.. ကိုယ့်ကိုယ်ကို စိတ်ထိခိုက်စေမယ့် အတွေးမျိုးကို ရှောင်ဖြစ်တယ်....
သူငယ်ချင်းတစ်ယောက်ကမေးဖူးတယ်... ငါသေသွားရင် ငိုမှာလားတဲ့... ပြန်ဖြေမိတာက ငိုတော့ငိုမယ်... ကြာရှည်တော့ ပူဆွေးတမ်းတနေမှာမဟုတ်ဘူးလို.၊ တကယ်ပြောတာပါ.. သူငယ်ချင်းမှ မဟုတ်ပါဘူး... အချစ်ဆုံး အမေမရှိတော့ရင်တောင် ချက်ချင်းတော့ ငိုမိမှာပေါ့... ကြာလာရင်တော့ မေ့သွားမှာဘဲလေ...အချိန်ပြည့် တမ်းတနေဖို.မှ မဖြစ်နိုင်တာ... တိုက်ဆိုင်မှုရှိရင်တော့ လွမ်းမှာပေါ့...
လူဆိုတာ ကိုယ့်လမ်းကိုယ်လျောက်နေရတာ... တစ်ယောက်သေလို. ကိုယ်လိုက်သေလို.မှမရနိုင်တာ...
သံယောဇဉ်မဲ့တယ်ဘဲ ပြောချင်ပြောကြပေါ့
ကျွန်တော် သိပ်ချစ်ရတဲ့ ကြောင်ကလေးတွေကိုတောင် လုံးဝထပ်သွားမတွေ.ဘူးလို. ဆုံးဖြတ်ချက်ချထားခဲ့တာဘဲလေ....
ဘာဘဲပြောပြော December က နဲနဲတော့ လွန်လာပြီ... ကျွန်တော့်ကို တစ်ကောင်ကြွက်လုံးလုံးဖြစ်စေတယ်... ဒါပေမယ့် ကျွန်တော် ဆက်လက်ရှင်သန်နေဆဲပါ...
New Year ညကို သူငယ်ချင်းတွေနဲ့ မကဲဘဲ မနက်စောစောထပြီး ဘုရားရှိခိုးဖို. စိတ်ကူးရှိတယ်ဆိုတာ ဖွင့်ပြောပြမိတော့ ရူးနေပြီဆိုတဲ့ အကြည့်နဲ့  ကြည့်ခံခဲ့ရတယ်....
အမြင်မတူသူတွေနဲ့မှ ပေါင်းမိတော့လဲ ဒီလောက်တော့ ခံရပေမပေါ့လေ...
အပျော်အပါးမက်ပါတယ်.. ဒါပေမယ့် ဘာသာရေးဆိုတာ ပစ်ထားလို.ကောင်းတဲ့ အရာမှ မဟုတ်တာလေ...
ကျွန်တော်ကတော့ တွေးမိတဲ့အတိုင်း ဒဲ့ပြောချမိတယ်.. ဒါကို အချို.တွေက တစ်မျိုးမြင်ကြတယ်...
ထားလိုက်ပါ.. မတူတဲ့ အမြင်တွေကို လိုက်ညှိနေလို. ဘာပိုထူးမှာလဲ...
ဒီညနေတော့ နားမထောင်တာကြာပြီဖြစ်တဲ့ AKON ရဲ့ သီချင်တွေ နားထောင်ဖြစ်တယ်...
ဘာရယ်မဟုတ် သီလရှင်ဝတ်ချင်စိတ်ပေါက်နေတယ်...
စာသင်ကျောင်းမှာမဟုတ်ဘဲ.. စစ်ကိုင်းချောင်လိုနေရာမှာ ၀တ်ချင်တယ်...
April ပြန်ရင် သင်္ကြန်မကဲဘဲ စစ်ကိုင်းသွားရကောင်းမလား...း(

3 comments:

  1. ကိုယ့်ကိုကိုယ်ချစ်တာ..ကိုယ့်အတွက်အကောင်းဆုံးပဲ..Tommy.ဒီလိုစိတ်ထားတတ်တာကောင်းတယ်..ဆုတို့ကတော့..အဲလိုစိတ်မထားတတ်လို့..သံယောဇဉ်ထားတတ်လွန်းလို့...အရမ်းပူဆွေးရတယ်...:)

    ReplyDelete
  2. နာလည်းအဲ့တိုင်းပဲ.....ငိုတောင်မငိုဖြစ်ဘူး...ကွကို ပိုချစ်တယ်....

    ReplyDelete
  3. ကျွန်တော်လဲ သံယောဇဉ်ရှိပါတယ်..
    ဒါပေမယ့် ကိုယ့်ဘာသာကိုယ်ပိုချစ်သင့်တယ်လို.ထင်တာဘဲ
    ကိုယ်မှ စိတ်မချမ်းသာရင်၊ ဘယ်သူ.ကို စိတ်ချမ်းသာအောင်ထားလို.ရမလဲနော်...
    တစ်ကိုယ်ကောင်းဆန်တယ်ပြောလဲ တတ်နိုင်ဘူးလေနော်..း)

    ReplyDelete