ဒီလိုနဲ့ဘဲ တစ်လပြည့်ပြီတဲ့...း)
မနေ့တနေ့ကဘဲ နီနီရဲရဲ သွေးတုံးလေးတွေနဲ့ အချင်းမပြတ်သေးတဲ့ ကလေးလေးတွေက
ခုတော့ မျက်လုံးဝိုင်းဝိုင်း အမြီးထောင်ထောင်နဲ့ စွာလန်ကြဲတတ်တဲ့ ငစွာလေးတွေဖြစ်ကုန်ကြပြီ...
ကျွန်တော့်ကို အနိုင်ကျင့်ဖို. လွှတ်လိုက်တဲ့ ချစ်စရာအကောင်လေးတွေပေါ့
အထီးကျန်နေတဲ့ ကျွန်တော့်ရဲ့ဘ၀ကို သာယာလာအောင်လုပ်ပေးတဲ့ ကလေးလေးတွေပေါ့
ခုလဲ နက်ဖန် သန်ဘက်ခါဆို သူတို.လေးတွေ ကုတင်ပေါ်ခုန်တတ်နိုင်ကြတော့မယ်
မကြာခင်မှာ နို.စို.တာဖြတ်ပြီး အစာစစားကြတော့မယ်
ကျွန်တော့်အိပ်ယာလုအိပ်ကြတော့မယ်... ဆိုဖာတွေကုတ်ခြစ်ဖျက်ဆီးပြီး၊ ဘုရားပန်းအိုးတွေ သောက်တော်ရေခွက်တွေ ဖြိုလဲကြတော့မယ်
ဆိုးမှန်းသိရက်နဲ့ ကျွန်တော်ကလဲ သည်းညည်းခံ ချစ်ရဦးမယ်...
ဒီတစ်ပတ် မေကြီးနဲ့ အွန်လိုင်းမှာ ဖုန်းပြောဖြစ်တဲ့အခါ၊ ကလေးတွေပြပြီး ကြွားရဦးမယ်
နောက်ဆုံးတော့လဲ ချစ်တာပါဘဲဗျာ...
No comments:
Post a Comment