ခုတလော နဲနဲအပျင်းထူနေတယ်
Blog လဲ ထပ်မရေးဖြစ်သလို၊ ဘာမှလဲ ထူးထူးထွေထွေလုပ်မနေဘူး
ခုလောလောဆယ်တော့ ဖျားနေတယ်...း(
ကျွန်တော်နေတဲ့ နိုင်ငံမှာ ခုတလော နဲနဲအေးလာပြီ
ည အပြင်ထွက်ရင် အနွေးထည်ဝတ်နေရပြီ...
မိုးလဲရွာတယ်
ဒီနေ့မနက်တော့ နှင်းတွေကျတယ်.. (အများကြီးမဟုတ်ပါဘူး... နဲနဲလေးပါ..)
ကြောင်ကလေးတွေ တော်တော်ကြီးနေပြီ... သူတို.ကို ဓာတ်ပုံထပ်ရိုက်ဖို.လဲ တော်တော်ပျင်းနေပြန်တယ်
အ၀ါလေး၂ကောင်က သွက်သလောက်၊ သားမည်းမည်းလေး ကိုလာကတော့ အညံ့ဆုံးဘဲ
ကောင်မလေး၂ယောက်က ဆိုဖာတွေ ကုတင်တွေပေါ်တတ်လိုက်ဆင်းလိုက် ၁၀ခါလောက်လုပ်နေချိန်
သားငယ်လေးက ဆိုဖာပေါ်က ပြန်မဆင်းတတ်လို. သူ.မေမေကို အာပြဲလေးနဲ့ အော်ပြီး အကူအညီတောင်းနေတုန်း...း)
ဘာလိုလိုနဲ့ ကလေးတွေနဲ့ ခွဲရချိန် နီးလာပြီ...
သူတို. ကုသိုလ်ကံလေးတွေ ဘယ်လောက်ကောင်းနိုင်မလဲ စောင့်ကြည့်ကြတာပေါ့နော်..
အားလုံးကို လွမ်းပါတယ်....
နေမကောင်းဘူးလား..ကျန်းမာရေးဂရုစိုက်ပါ..ဆုလည်းပိန်သွားတယ်...အဆိုးထဲက..အမြတ်ထွက်သွားတယ်..:)
ReplyDeleteကျန်းမာရေးဂရုစိုက်ပါ......း)
ReplyDelete