ဒီနေ့ ကျွန်တော်အရမ်းပျော်နေတယ်...
မေကြီးက မနေ့ကဖုန်းဆက်တယ်.. ကျွန်တော်နဲ့ အစ်မလတ်အတွက် မြို.ထဲမှာ တိုက်ခန်းတစ်ခန်းဝယ်ပေးထားတယ်တဲ့.. အိမ်ပြန်လာဖို. ပြင်ကြတော့တဲ့...
New Year အတွက် လက်ဆောင်တဲ့....တစ်ယောက်ထဲနေကြတာကြာတော့ မိသားစုနဲ့ မနေတတ်မှာစိုးလို. မေကြီးက သူ.ရှိသမျှလေးနဲ့ စီစဉ်ပေးရှာတာ... မေကြီးကို သနားလဲ သနား..အရမ်းလဲပျော်တယ်...
ကျွန်တော့်အတွက်က ဘယ်သူနဲ့ နေရနေရ ပြသနာမရှိပေမယ့်..ကျွန်တော့်အစ်မလတ်က လွတ်လပ်မှုကိုကြိုက်တယ်.. အမေနဲ့ တူတူနေရင် သူ.အတွက်မလွယ်ဘူး...
ဘာဘဲပြောပြော ရန်ကုန်ပြန်ပြီး တိုက်ခန်းအသစ်လေးမှာနေရမယ်ဆိုတော့ ညီအစ်မ၂ယောက်လုံးပျော်နေကြတယ်...
ကျွန်တော်တို. ပိုကဆံနဲနဲစုပြီးရင် (ရောက်ရောက်ချင်း အလုပ်မရှိခင် သုံးစရာမရှိမှာစိုးလို့) June, July လောက်ကို မြန်မာပြည်အပြီးပြန်တော့မယ်... ဒီမှာနေလဲ စုမိဆောင်းမိမရှိတဲ့တူတူ မေကြီးနားကပ်ပြီးဘဲ ချွဲတော့မယ်...း)
တစ်ညလုံးပျော်ပြီး အိပ်လို.တောင်မရဘူး
အထီးကျန်တဲ့ UAE ညတွေ ပြီးဆုံးတော့မယ်...
မေကြီးနဲ့ တနင်္ဂနွေမနက်တိုင်း ရွှေတိဂုံဘုရားသွားကြမယ်... မေကြီးချက်ကျွေးတဲ့ အိမ်ထမင်း အိမ်ဟင်းတွေစားပြီး ၀တုတ်ကြီးတွေဖြစ်ရဦးမယ်...း)
wow... 2013 က ပျော်စရာလေးတွေပေးပါစေ မျှော်လင့်တာဘဲ.. ကျွန်တော့်ဘာသာဆိုရင် Jan, feb လောက်ကို ပြန်ချင်တာ.. အစ်မလတ်က အခန်း decoration နဲ့ လိုအပ်တာလေးတွေအတွက် ပိုက်ဆံစုပါဦးဆိုလို. သူ.့စကားနားထောင်လိုက်ရတာ...
ဒီအတိုင်းဆို April ကို Vacation ပြန်ဖြစ်ဦးမယ်မထင်ဘူး... June, July ကျမှဘဲ အပြီးပြန်တော့မယ်ဗျာ....
အိမ်ပြန်ရတော့မယ်.........း) အရမ်း..အရမ်းပျော်နေပြီ...
မေကြီးရေ ကျန်းမာရေးကောင်းအောင်နေနော်... မေ့သမီးဆိုးပေ ပြန်လာတော့မှာ... ခေါင်းကိုက်ဖို.သာပြင်ထား...ေိခိ
ဝမ်းသာပါတယ်...ညီအမနှစ်ယောက်သိပ်ပျော်နေကြမှာပဲ...Tommy.မေမေက..သမီးတွေအတွက်အရမ်းစဉ်းစားပေးတာပဲနော်...စံပြုလောက်ပါတယ်..:)
ReplyDeleteshe is my BEST! :)
Deleteဝိုးးးးးး ပျော်စရာကြီးပဲ.............
ReplyDeleteI Really Really want to go back home like you....
ReplyDeleteTake care off ur MOM and have a nice family.
Regards
lat
Thanks Lat.. :)
DeleteHappy New Year