ဒီလိုစာတွေ မဖတ်ချင်ဘူးဆိုတဲ့ အစ်မတွေ Sorry ပါနော်... မရေးရမနေနိုင်လို. ရေးမိတာပါ...ဟီးဟီး...း)
Chapter 1
စိန်ဝင်းနှင့် ရောင်းရင်းများ
ကျိုက်ထီးရိုး-ရန်ကုန်
ကားမှန်ပေါ်မှ စာလုံးများကို ဖတ်ရင်း၊ မျက်လုံးက သူငယ်ချင်းတွေကို
ရှာမိသည်။
“အငယ်လေး.. သူငယ်ချင်းတွေ ရောက်ပြီလား” မေမေက ကားကို ပါကင်ထိုးဖို.
နေရာရှာရင်းမေးသည်။
“မသိဘူးမေ.. သူတို. မရောက်ကျသေးဘူးလား မသိဘူး… အချိန်လဲနီးတော့နေပါပြီ”
“တခြားဂိတ်ကများ စောင့်စီးကြမှာလား”
“မဖြစ်နိုင်ပါဘူး.. ဗိုလ်တစ်ထောင်ဘုရားဂိတ်မှာ ဆုံမယ်လို. အိအိ
နဲ့ အ၀င်းကို ပြောပြီးသား၊ ဇာဇာနဲ့ ဖြိုး၂ယောက်ဘဲ မြေနီကုန်းမှာ စောင့်စီးမှာ”
“ကဲ..ဒါဆိုလဲ စီးရမယ့်ကားရှာကြစို.၊ ဟိုမှာ ကားတွေက ၆စီးလောက်ရှိတယ်…”
မေမေကပြောရင်း ကားပေါ်မှဆင်းကာ နောက်ဖုံးမှ အထုပ်များသွားယူနေပြီ။
ဒီနေ့ည စာမေးပွဲအပြီး ကျိုက်ထီးရိုးကို သွားလည်ဖို. အိမ်ကလူကြီးတွေဆီက
ခွင့်ပြုချက်ရယူ ထားကြတာဖြစ်သည်။ စုစုပေါင်း သူငယ်ချင်း ၇ ယောက်။ အိအိနဲ့ အ၀င်းက ကျောင်းပြီးလျင်
လက်ထပ်ကြမယ့် စုံတွဲ၊ ဇာဇာနဲ့ ဖြိုးကလဲ ၂ဖက်မိဘ အသိပေးပြီး တွဲနေကြသူတွေ၊ ကျန်တာကတော့
မိစံ၊ သူသူ နှင့် ကျွန်တော်။ စုစုပေါင်း မိန်းကလေး ၅ယောက်၊ ယောကျာ်းလေး ၂ယောက်။ ပုံမှန်ဆိုလျင်
ယောက်ျားလေးတွေနဲ့ ညအိပ်ခရီး လွှတ်မှာမဟုတ်ပေမယ့်၊ ဒီသူငယ်ချင်းတွေကတော့ ၅တန်းကတည်းက
လည်ပင်းဖက်ပေါင်းလာခဲ့သူတွေ။ ခုဘဲ တတိယနှစ်ရောက်နေကြပြီဆိုတော့၊ စာမေးပွဲပြီးတုန်း
ပျော်ချင်ပါးချင်တာကို မိဘတွေက ကြည်ကြည်ဖြူဖြူ လိုက်လျောခဲ့သည်။
ခက်နေတာက ချစ်သူငယ်ချင်းများက ခုထိမလာကြသေး။ သူတို.အားလုံး အ၀င်းကားနှင့်
တူတူလာကြမည်ပြောသည်။ လာလျှင်တော့ တစ်အုပ်စုလုံး တူတူရောက်လာကြမှာ သေချာသည်။
ကျွန်တော်လဲ ကားပေါ်က မြန်မြန်ဆင်းရင်း မေမေ့ကို အထုပ်ဝိုင်းကူချပေးသည်။
“အငယ်လေး… ဟိုရောက်ရင် ပေါက်ကရလေးဆယ် လျောက်မပြောနဲ့၊ မတည့်တာတွေ
မစားနဲ့နော်..” အငယ်ဆုံးမို.လို. တစ်အိမ်လုံးက နာမည်မခေါ် အငယ်လေးဟုသာ ခေါ်ကြသည်။ ခုလဲ
အငယ်ဆုံးကို မေမေက စိတ်ပူပြီး တောက်လျောက်မှာနေသည်။
အင်းပေါ့လေ.. ပထမဆုံး မိသားစုမပါဘဲ ထွက်တဲ့ခ၇ီးဆိုတော့လဲ စိတ်ပူမှာပေါ့။
“ဟုတ်ပါ..စိတ်ချပါ မေမေရဲ့… ကျိုက်ထီးရိုးက မရောက်ဖူးတဲ့ နေရာမှ
မဟုတ်တာ”
“အေးပါ… မရောက်ဖူးတဲ့ နေရာမဟုတ်မှန်းတော့ သိတာပေါ့.. အရင်က မိဘတွေနဲ့
မိသားစုနဲ့သွားတာလေ၊ အခုဟာက သူငယ်ချင်းတွေနဲ့၊ အကုန် ကလေးတွေချည်းဘဲ၊ တခုခုဆို ဘယ်သူမှ
ဘာမှ လုပ်တတ်တာ မဟုတ်ဘဲနဲ့.. “
မေမေ့ ဆုံးမစကားတွေနားထောင်နေရင်း…
“ငလင်း…အဲ…လင်းလင်း… ငါတို. ဒီမှာဟေ့” အ၀င်းက ကျွန်တော့်ကို လှမ်းအော်သည်။
မေမေ့ကိုမြင်တော့ ငလင်းဟုခေါ်ရာကနေ လင်းလင်းဟု ပြောင်းခေါ်သည်။ မဟုတ်ရင်..မေမေက သူ.ကိုပါ
ဆုံးမစကားတွေ ပြောနေမှာ စိုးသောကြောင့်ဖြစ်သည်။
အမှန်တော့ ကျွန်တော့်သူငယ်ချင်းတွေအကုန် မေမေ့ကိုကြောက်သည်။ မေမေက
အရင်က အထက်တန်းကျောင်းဆရာမလုပ်ခဲ့သူတစ်ဦး၊ ရုပ်တည်ပြီး ဆုံးမစရာရှိလျင် ဘယ်သူ.သားသမီးရယ်လို.မဟုတ်
ကလေးတိုင်းကို သူ.အတန်းသားလို သဘောထားသူဖြစ်သည်။ ဒီတော့ ကျွန်တော်တို. တစ်ဖွဲ.လုံး
မေမေ့ကို ချစ်ကြောက်ရိုသေကြသည်။
အစ်မအကြီး၂ယောက်ကတော့ မေမေထားသော လိုချင်သော စာတော်၊ မိန်းမပီပီသသ
အိနြေရှိရှိလေးတွေ ဖြစ်ခဲ့ပေမယ့်၊ အငယ်ဆုံးကျွန်တော်ကတော့ ခပ်ဆိုးဆိုး၊ ဂျစ်တိုက်တိုက်
Tomboy လေးတစ်ယောက်ဖြစ်လာခဲ့သည်။ ဒါပေမယ့် မေမေ့ရှေ.မှာတော့ ကျွန်တော်လဲ မှင်သေရသည်ပေါ့။
ဒါကြောင့် သူငယ်ချင်းတွေက ပြောတာ မင်းက အမေရှေ.ကျ မျက်နှာသေလေးနဲ့
ကွယ်ရာကျတော့ ငပြူးငပြဲ…
“အေး… ငါကားရှာတွေ.ထားတယ်..နံပါတ်၃ကားက ငါတို.စီးရမယ့်ကား” ကျွန်တော်လဲ
ဝမ်းသာအားရ အထုပ်ဆွဲရင်း သူငယ်ချင်းတွေဆီ ပြေးမိသည်။
ဒါတောင် မေမေက..”ဟဲ့ ဖြေးဖြေးသွားလေ..
ချော်လဲဦးမယ်..”
ခုံတွေရှာပြီး၊အထုပ်တွေတင် နေရာယူအပြီးမှာတော့ ဘေးမှန်တံခါးကိုဖွင့်ရင်း
မေမေ့ကို နှုတ်ဆက်သည်။
“မေမေ… သွားတော့မယ်နော်..တာ့တာ.. နောက်၂ရက်နေရင် ပြန်တွေ.မယ်…
I love you..”
“အေး..အေး..လမ်းခရီး ဂရုစိုက်နော်..ဟဲ့… အိတို.၊ မိစံတို. သူငယ်ချင်းကို
ဂရုစိုက်လိုက်ကြဦးနော်…မေမေသွားပြီ..”
မေမေထွက်သွားတော့မှ ဘေးဘီကိုကြည့်မိသည်။ ကျွန်တော့်ဘေးမှာ ကျွန်တော်မသိတဲ့
ကောင်မလေးတစ်ယောက်… ပြီးမှ စဉ်းစားမိသည်။ ဟုတ်တာပေါ့ ကျွန်တော်တို.က ၇ယောက်ဆိုတော့
တစ်ယောက်ကတော့ တခြားလူနဲ့ ထိုင်ရမှာပေါ့။ ဟင်း… ကျွန်တော့်ကျမှ ဘာလို. သူများနဲ့ ထိုင်ရလဲ
မသိ…
အိအိနဲ့ အ၀င်းတို. မုန့်ဆင်းဝယ်ကြရင်း ခုမှ ကားပေါ်တတ်လာသည်။
“ဟဲ့ ..ငလင်း..နင့်ကို မိတ်ဆက်ပေးဖို.မေ့နေတာ.. နင့်ဘေးမှာ ထိုင်နေတာက
ပုံ.ပုံ.၊ သူက ငါ့ငယ်သူငယ်ချင်း၊ ငါတို့ မူဆယ်ကဘဲ၊ သူက ကျိုက်ထီးရိုးမရောက်ဖူးလို.
လိုက်လည်တာ၊ ငါတို.ကလဲ ၇ယောက်ဆိုတော့ ဘက်ပဲ့နေမှာစိုးလို. သူ.ကိုပါခေါ်လာတာ၊ နင် သူ.ကိုဂရုစိုက်လိုက်နော်..”
အိအိက ကျွန်တော့်ကို ရှည်ရှည်လျားလျားပြောရင်း မောသွားဟန်နှင့်
အ၀င်းဘေးမှာ ၀င်ထိုင်သည်။
အခုလိုဆိုတော့လဲ ကောင်းသားဘဲ။ အားလုံးက သူငယ်ချင်းတွေပေါ့။ သူစိမ်းနဲ့
ထိုင်ရတာထက်စာလျင် တစ်ဖွဲ.တည်းသွားသူချင်းတူတူ ထိုင်ရသည်က ပိုကောင်းလေသည်။
ခုတော့ အ၀င်းနဲ့ အိအိက ရှေ.ဆုံးက၊ သူတို.နောက်မှာ မိစံနဲ့ သူသူ၊
အဲဒီနောက်မှာ ကျွန်တော်နဲ့ ပုံ.ပုံ.၊ ကျွန်တော်တို.နောက်က လွတ်နေသည့်ခုံကတော့ ဇာဇာနဲ့
ဖြိုးအတွက်။
ကားကြီးစထွက်ပြီ….
“ဝေး….. “ ဘာရယ်မဟုတ် ကျွန်တော်တို.တွေ စိတ်လှုပ်ရှားစွာအော်မိကြသည်။
ဟုတ်တယ်လေ.. ဒီခရီးက ကျွန်တော်တို.အတွက် ပထမဆုံး လူကြီးမိဘမပါဘဲ
သွားခွင့်ရသောခရီး၊ လူကြီးဘ၀ကိုဝင်ခါစ ဆယ်ကျော်သက် ကျွန်တော်တို.အတွက်ကတော့ တကယ့် တိုက်ပွဲကြီးကို
သွားရသော စစ်သူရဲကောင်းကြီးတွေလို အားနှင့်မာန်နှင့်.. ကိုယ့်ကိုယ်ကိုလဲ ယုံကြည်မှုတွေအပြည့်…
“ငလင်း.. နင့်မားသားကြီးက ဘာမုန်.တွေထဲ့ပေးလိုက်လဲ” မိစံက လှမ်းမေးသည်
“နင်ကလဲ ကားကခုမှထွက်တာ ဗိုက်ဆာနေပြန်ပြီလား..” ကျွန်တော်က သူ့ကိုအော်နောက်ရင်း
မေမေထည့်ပေးလိုက်သော သရေစာမုန်.ထုပ်ကို ဖွင့်သည်။
မိစံက သူငယ်ချင်းတွေထဲမှာ အ၀ဆုံးနှင့် အမြဲဆာနေတတ်သူ။ ချစ်စရာကောင်းသလောက်
အငြင်းသန်သူက သူသူ။
“ရော့…ငါးမုန့်ကြော်ပါတယ်..” မိစံကို မုန်.လှမ်းပေးသည်။
“နင့်မှာ အချဉ်ထုပ်မပါဘူးလား” အိအိက ရှေ.ဆုံးမှ လှမ်းမေးသည်။
“ငါက နေကြာစေ့” သူသူကလဲ မေးသည်။
“နင်တို.က ငါ့ကို ကားပေါ်မှာ ဈေးလိုက်ရောင်းတဲ့သူများထင်နေတာလား”
ကျွန်တော် ဘုတောတောပြီး လက်ကတော့ သူတို.တောင်းသမျှကို လိုက်ဝေနေမိသည်။ သူတို.ကလဲ ကျွန်တော်အော်တာလောက်ကို
နားထဲမရောက်ပုံနှင့် ခပ်တည်တည် လက်ထဲကမုန်.တွေ မလုရုံတမယ် ဆွဲယူကြသည်။
ပြီးမှ ကျွန်တော်သတိရသွားတာက၊ ဘေးကကောင်မလေး…
“ပုံ.ပုံ. နင်ရော ဘာစားမလဲ… “ မေမေထဲ့ပေးလိုက်သော မုန်.ထုပ်ကြီးကို
သူ.ရှေ.ထိုးပေးလိုက်သည်။
သူကလဲ ရှက်မနေ၊ အိုက်တင်များမနေဘဲ ရှမ်းမဆီးသီးထုပ်ကို ရွေးယူသည်။
ကျွန်တော်လဲ သူ.ကိုသဘောကျသွားသည်။ ဟုတ်တယ်လေ… သူငယ်ချင်းတွေ ခရီးသွားတာ ပဲများနေစရာမှ
မလိုတာ။
ကျွန်တော်ကြိုက်တဲ့ Oishi ထုပ်ကို ယူပြီး၊ ကျန်တာတွေ ပြန်သိမ်းထားရင်း၊
သူငယ်ချင်းတွေ ရှေ.ခုံ၊ နောက်ခုံ အော်ဟစ် စကားပြောကြသည်။ ကားပေါ်ကလူတွေကတော့ ကျွန်တော်တို.ကို
အမြင်ကတ်စွာနှင့် ကြည့်နေကြသည်။
မြေနီကုန်းရောက်ပြီ။
လူတင်၊ လူချလုပ်ပြီး ကားက ကြာကြာမရပ်ချေ။ ခက်တာက ဇာဇာနှင့် ဖြိုးက
ဘယ်ရောက်နေမှန်းမသိ။ သူတို.၂ယောက်က လိုက်လဲလိုက်ဖက်လွန်းသည်။ ဘယ်တော့မဆို ချိန်းထားရင်
နောက်ဆုံးမှ ရောက်တတ်သူတွေ။ ခုလဲ ကားချိန်ကိုမမှီ။ ဖုန်းခေါ်ရအောင်လဲ တစ်ယောက်မှ ဟန်းဖုန်းကိုင်နိုင်လောက်အောင်
မချမ်းသာကြ။
ဒီတော့ ကျွန်တော်ကဘဲ…
“အားလုံးဘဲ ကျေးဇူးပြုပြီး နားထောင်ပေးကြပါ။ ကျွန်တော်တို.သူငယ်ချင်း
ကားမမှီလို.၊ ကားထွက်သွားပြီဆိုတဲ့ အကြောင်းလေးပြောချင်လို. ဟမ်းဖုန်းပါရင် ခဏလောက်ငှားပေးပါလို.
…. အဟဲ…”
ရယ်ဖြီးဖြီးနဲ့ ပြောနေသော ကျွန်တော့်ကို အားလုံးက ၀ိုင်းကြည့်သည်။
ငယ်သေးလို.လားမသိ ကျွန်တော် လုံးဝမရှက်..
“ ဒီက ဖုန်းကို ယူသုံး..” နောက်ဆုံးတန်းက အစ်ကိုတစ်ယောက်က သူ.ဟန်းဖုန်းလှမ်းပေးသည်။
“ကျေးဇူးပါအစ်ကို..”
“အေး… ပြီးရင်တော့ မင်းတို.ငြိမ်ကြတော့ကွာ.. တစ်ကားလုံး မင်းတို.အသံချည်းဘဲ..”
ထိုအစ်ကိုရဲ့ နောက်ဆက်တွဲစကားကြောင့် အားလုံး ရီလိုက်ကြသည်။ အခုမှာ
ဗိုလ်တထောင်ကနေ မြေနီကုန်၇ှိသေးသည်၊ တစ်ကားလုံး ကျွန်တော်တို.အဖွဲ.ကို လန်.နေပြီထင်တယ်…
“အန်တီ ကျွန်တော် လင်းလင်းပါ၊ ဇာဇာနဲ့ ပြောချင်လို.၊
သြော်..အိမ်က ထွက်သွားကြပြီလား၊
ကားဂိတ်မှလဲ မတွေ.လို. လှမ်းမေးတာ..ကျေးဇူးပါ အန်တီ”
ဇာဇာ့အိမ်က ဇာဇာတို.၂ယောက်ထွက်သွားကြပြီဟုပြောသည်။ ဇာတ်လမ်းက ပြီးပြီ။
ဟို၂ကောင်ဘယ်ရောက်နေမှန်းမသိ။ ကားကလဲ ထွက်လာတာ ၈မိုင်နားရောက်နေပြီ။ မတတ်နိုင်တော့
စိတ်ဒုန်းဒုန်းချပြီး၊ ဟိုအစ်ကိုကို ဖုန်းပြန်ပေးကာ ကျေးဇူးတင်စကားထပ်ပြောသည်။ ပြီးတော့
ကတိအတိုင်း ငြိမ်ငြိမ်နေရင်း တိုးတိုး တိုးတိုးစကားပြောကြသည်။ ခဏနေတော့ ငြီးငွေ.လာကြပြီး
ကိုယ့်ဘေးကလူသာ ကိုယ်ပြောကြတော့သည်။
“နင်က မူဆယ်ကနော်..” Oishi တစ်ဖတ် ပါးစပ်ထဲထည့်ဝါးရင်း ကျွန်တော်
ပုံ.ပုံ.ကို မေးသည်။
“အေး… မနှစ်ကထိ မူဆယ်မှာ၊ ဒီနှစ်တော့ ရန်ကုန်ပြောင်းလာတယ်.. ငါက
အီကိုတတ်နေတယ်..”
“သြော်.. ရွာသာကြီးကပေါ့” ကျွန်တော်က ပြုံးစစနဲ့မေးသည်။
“အင်း..” သူမ နှုတ်ခမ်းကို စူရင်းပြန်ဖြေသည်။
ဒီလိုပါဘဲ အီကိုက အလှဘုရင်မလေးတွေက သူတို.ကို ရွာသာကြီးကလားဟုတ်မေးရင်
သိပ်မကြိုက်ချင်၊ ဟုတ်သည်လေ.. ရွာသာကြီးဆို အရူးထောင်လို.ဘဲ တွေးမိကြတာကိုး။
“နင်က သန်လျင် GTC ကနော်..”
“အေး… ငါတို.တစ်ဖွဲ.လုံး တူတူဘဲ”
ကျွန်တော်တို.၂ယောက် စကားစခဏပြတ်သွားသည်။ ပြီးမှ သူက
“နင့် မေမေ နင့်ကို လိုက်ပို.တာလား”
“အေး.. ဟုတ်တယ်။ မေမေက ငါ့ကို ဘယ်တော့မှ မယုံလို. သေချာတဲ့အထိလိုက်ပို.တာ”
သူမက ပြုံးရင်း “နင်က ဆိုးလို.နေမှာပေါ့”
“သူ့အတွက်တော့ ဟုတ်ရင် ဟုတ်မှာပေါ့၊ ငါ့အတွက်တော့ မဟုတ်ဘူး”
နှစ်ယောက်တူတူ မတိုင်ပင်ဘဲ ရယ်မိကြသည်။ ရယ်ရင်းကြည့်မိတော့…အိုး…သူမနှုတ်ခမ်းတွေတင်မဟုတ်၊
မျက်လုံးတွေကပါ ရယ်နေခြင်းဖြစ်သည်။ သူမမျက်ဝန်းလေးတွေက လှလိုက်တာ… တကယ်ပါဘဲ အီကိုကကောင်မလေးတွေ
လှတာ ယုံသွားပြီ…
Xxx xxxxx xxx
Chapter
2
“ကဲ..အားလုံးဘဲ တောင်ခြေ ရောက်ပါပြီ…မနက်ဖန် ပြင်ဆင်းမယ့်သူတွေ
ကား နေ့လည် ၁၁း၀၀ ပြန်ထွက်ပါမယ်။ တောင်ပေါ်မှာ ၂ညအိပ်မယ့်သူတွေရောဘဲ သန်ဘက်ခါ နေ့လည်
၁၁း၀၀ပါ။ ထမင်းဆိုင်ကို ၁၀း၀၀အရောက်လာခဲ့ကြပါ။ ကားနဲ့တတ်မယ့်သူတွေ ဂိတ်က မနက်၆နာရီမှဖွင့်မှာပါ။
ခြေကျင်တတ်မယ့်သူတွေအတွက်တော့ မီးတုတ်တွေ ညာဘက်ကဆိုင်မှာ ၀ယ်လို.ရပါတယ်” ကားစပယ်ယာက
စကားရှည်စွာပြောရင်း ကားတံခါးဖွင့်ပေးသည်။
အားလုံး ကိုယ့်အထုပ်ကိုယ်ဆွဲပြီး အိပ်ချင်မူးတူးနှင့်ကားပေါ်ကဆင်းကြသည်။
ကျွန်တော် နာရီကို တစ်ချက်ကြည့်တော့ မနက်၂နာရီသာ ရှိသေးသည်။
ကားအောက်ရောက်တော့ အထုပ်လေးတွေချရင်း အပျင်းကြောဆန်.ကြသည်။
“၀ှား…အိပ်ချင်လိုက်တာ..” မိစံက အော်သည်။
သူသူကလဲ အားကျမခံ “ခါးတွေနာလိုက်တာ..”
“ကဲကဲ…ညည်းတွားမနေကြနဲ့ ငါတို.တွေ တောင်ပေါ်တတ်ဖို.လုပ်ရမယ်။ ဟိုကောင်ဖြိုးကလဲ
မပါတော့ နင်တို.အထုပ်တွေ ငါလဲ မထမ်းနိုင်ဘူး၊ အထမ်းသမားခေါ်လိုက်မယ်။ ငါတို.ခြေလျင်ဘဲ
တတ်မှာမဟုတ်လား”
“အေး..အထမ်းသမားခေါ်လိုက်…ခြေလျင်ဘဲတတ်မှာ.. မတတ်နိုင်တဲ့သူနေခဲ့”
ကျွန်တော်က အ၀င်းကို ထောက်ခံရင်း၊ ဟိုကောင်တွေကို စိန်ခေါ်လိုက်သည်။
“အောင်မာ..နင်လို အမေကိုကပ်ချွဲနေတဲ့ ငပျော့ကတောင် ခြေလျင်တတ်ရင်
ငါတို.က ဘာလို.မတတ်နိုင်ရမှာလဲ” သူသူက ထုံးစံအတိုင်း ပြန်စွာသည်။
ကျွန်တော်တို. တစ်ယောက်တစ်ပေါက်အော်နေကြတုန်း ပုံ.ပုံ.က ကျွန်တော်တို.ကို
အထီးကျန်သော မျက်ဝန်းတွေနဲ့ ငေးကြည့်နေသည်။ ဟုတ်သားဘဲ..ကျွန်တော်တို. သူ.ကို မေ့နေသည်။
“ပုံ.ပုံ. အထုပ်ပေးရတော့မှာ..နင် အနွေးထည်ယူထားဦးလေ… တောင်ပေါ်မှာ
ချမ်းတယ်” ကျွန်တော် စကားစရင်း အားပေးသောအကြည့်နှင့် ကြည့်ဖြစ်သည်။
“အေး… ငါအနွေးထည် အပါးလေးယူထားတယ်၊ ကျောပိုးအိတ်ထဲမှာ..တောင်တတ်ရင်
ချွေးထွက်မှာဆိုတော့ သိပ်အေးမယ်မထင်ဘူး”
“သဘောဘဲ..ပြီးမှ ချမ်းတယ်မအော်နဲ့”
တောင်ဝှေးဆိုင်ပြေးပြီး အလုအယက်ဝယ်ကြသည်။ ပြီးတော့ သိုးမွေးဦးထုပ်ဆင်တူလေးတွေ။
အားလုံးရီရီမောမောနှင့် မနက်၃နာရီမှာ တောင်စတတ်ကြသည်။ တတ်တတ်ချင်း တတ်ကြွလွန်းကြသည်။
အပြေးပြိုင်ကြ၊ အော်ကြဟစ်ကြနှင့် တောင်ခြေမှာ ကျွန်တော်တို.အသံတွေ ဆူညံနေသည်။
မနက် ၉း၀၀ နာရီ..
နေထွက်ပြီ..ကျွန်တော်တို.လဲ မောဟိုက်နေကြပြီ.. တောင်ခြေမှာလို မရီမောနိုင်ကြတော့၊
အသံတွေတောင် ယဲ့ယဲ့ဘဲ ကျန်တော့သည်။ ဆိုင်းဘုတ်တွေကလဲ များလွန်းသည်။ ကျွန်တော်တို.အတွက်တော့
နေရာတိုင်းသည် ရွှေရင်ဆို.စခန်း ဖြစ်နေသလိုပင်…
လမ်းက ကွပ်ပျစ်ပေါ်မှာ ကျောပိုးအိတ်ပစ်ချပြီး အားရပါးရ ပက်လက်လှန်လှဲပစ်လိုက်သည်။
အသက်၀၀ရှူရင်း လေတွေကို မှုတ်ထုတ်ပစ်လိုက်သည်။ တစ်စုံတစ်ယောက်ကြည့်နေသလိုခံစားမိသည်။
ဘေးကိုငဲ့ကြည့်လိုက်တော့ ပုံ.ပုံ.နှင့် ကျွန်တော် မျက်ဝန်းဆုံမိသည်။ သူမ ရှက်ပြီးမျက်နှာလှည့်မသွားပါ။
ပြုံးရယ်လိုက်ပြီး.. “နင့်ပါးစပ်က အငွေ.တွေထွက်သွားတာကို ငါကြည့်နေတာ..”
“နင့်ပါးစပ်ကလဲ ထွက်တာဘဲ အခုစကားပြောတော့…” ကျွန်တော်လဲ ပြန်ပြောလိုက်သည်။
“အေးနော်… ရန်ကုန်မှာဆို အဲလိုလုပ်လို.မရဘူး…”
“အင်း..နင်တို.မူဆယ်မှာရော ရလား..”
“အေး…ရတယ်..မူဆယ်မှာလဲ အေးတယ်.. ဒါပေမယ့် အခု ကျိုက်ထီးရိုးက ပိုအေးသလိုဘဲ”
စကားပြောရင်း သူမအသက်ပြင်းပြင်းရှူပြီး ကျွန်တော်လုပ်သလို မှုတ်ထုတ်သည်။
သူမနှုတ်ခမ်းလေးတွေက သဘာဝအတိုင်းနီရဲပြီးလှနေသည်။ မနက်၉နာရီ နေရောင်ခြည်အောက်မှာ
တောင်ပေါ်ဘုရင်မလေးတစ်ပါး ကျွန်တော့်နှလုံးသားကို ဖမ်းစားသွားပြီထင်သည်။
~~~ ~~~~
Chapter 3
ရေမြောင်ကြီး စခန်း….
ဒါ.. ကျွန်တော်တို. လမ်းတစ်ဝက်ကို ရောက်ကြပြီဆိုတဲ့သဘောပေါ့။ ရေမြောင်ကြီးရောက်တော့
နေ့လည်၁၁နာရီထိုးနေပြီ…
“လာကြ ထိုင်ကြ.. အမောဖြေဦး….ညီမလေးတို. ဘယ်အချိန်က တတ်လာကြလဲ”
ဆိုင်ရှင်အစ်မက ရင်းရင်းနှီးနှီး ခေါ်ယူရင်းမေးသည်။
အိအိကဖြေသည် “ မနက် ၃နာရီက တတ်လာတာ..”
“မနက် ၃နာရီ..သူများတွေ ဒီအချိန်ဆို တောင်ပေါ်တောင် ရောက်ရော့မယ်..
ကလေးတွေကတော့ဟယ်…” အစ်မကြီးက အားမလိုအားမရပြောသည်။
“ဟိဟိ..ဟုတ်လား၊ ဒါကြောင့် လမ်းမှာ တူတူတတ်တဲ့သူတွေ မတွေ.ဘဲ လူသစ်တွေချည်း
တွေ.တွေ.နေတော့ သမီးတို.ကို သူတို.မမှီဘူးထင်နေတာ…”
မိစံက ရယ်ကျဲကျဲနှင့် ပြန်ဖြေသည်။
ဒီလိုနဲ့ ရေမြောင်ကြီးမှာ နေ့လည်စာစားရင်း အနားယူကြသည်။ ဇာဇာနဲ့ဖြိုးကိုလဲ
သတိရကြသည်။ နေရာတကာ နောက်ကျတတ်တဲ့ ၂ကောင်၊ ခုတော့ တူတူမပျော်ရတော့ဘူးပေါ့။
~~~ ~~~
ဒီလိုနဲ့ တောင်ပေါ်ရောက်တော့ ညနေ ၄နာရီထိုးပြီ။ အထမ်းသမားတွေကတောင်
အစ်မလေးတို. တည်းမယ့်ဟိုတယ်လွဲနေပြီထင်ပြီး ရင်ပြင်တော်ပေါ်သွားရှာတာ ၂ခေါက်ရှိပြီဟု
ပြောကြသည်။
မနက်၃နာရီကစတတ်သော အဖွဲ. ညနေ၄နာရီမှ တောင်ပေါ်ရောက်သည်ဆိုတော့ သူတို.လဲ
အံ့သြကြပေမပေါ့။ ကျွန်တော်တို.မှာတော့ လမ်းတောင် ကောင်းကောင်းမလျောက်နိုင်တော့။
Hotel အ၀င်ဝကိုရောက်တော့
“ ဟာ….ဇာဇာ… ဖြိုး…”
ဇာဇာနှင့်ဖြိုးက ရေမိုချိုးပြီးလို. ဟိုတယ် ၀ရံတာမှာ ထိုင်တောင်နေကြပြီ။
ကျွန်တော်တို.ကိုတွေ.တော့ စိတ်ဆိုးပြီး ထထွက်သွားကြသည်။
“နေပါဦးဟ…နင်တို.၂ယောက်က ဘယ်လိုကနေ ဘယ်လို…” အ၀င်းက မေးသည်။
“နင်တို.ကမှ မစောင့်တာ..ငါတို.လဲ ကားလက်မှတ်အသစ်ဝယ်ပြီး နောက်ကားနဲ့
လိုက်လာတာပေါ့၊ ခုလဲ တောင်ပေါ်ကို ကားနဲ့တတ်ပြီး ကြိုရောက်နေတာ။”
“သြော်..အဲလိုလား.. ငါတို.လဲ ကားဆရာကို စောင့်ခိုင်းပါတယ်…ဒါပေမယ့်
သူက ၅မိနစ်ထက်ပိုမစောင့်ဘဲ မောင်းထွက်သွားလို.၊ ငလင်းတောင် နင့်အိမ်ကို ဖုန်းငှားပြီးခေါ်သေးတယ်..
နင်တို.ထွက်သွားပြီတဲ့..တော်သေးတာပေါ့ဟာ.. ငလင်းအမေ ဟိုတယ် Booking လုပ်ထားပေးလို.သာပေါ့..
မဟုတ်ရင် ဒီလူအုပ်နဲ့ ငါတို.တွေ တွေ.မှာတောင်မဟုတ်ဘူး..” အ၀င်းက ရှင်းပြသည်။
“မတွေ.လို.ရမလား..ငါတို.က ဂေါပကရုံးသွားပြီး နင်တို.နာမည်တန်းစီရွတ်ခိုင်းမှာပေါ့..”
ဖြိုးက ပြန်ပြောသည်။
“ကဲ..ကဲ … စကားလေးတွေခဏရပ်မယ်.. ငါအရမ်းပင်ပန်းနေပြီ.. အခန်းသွားယူကြမယ်..
“ ကျွန်တော် စကားစကိုဖြတ်ရင် Reception ကိုသွားသည်။
အကုန်လုံးလဲ နောက်မှလိုက်လာကြသည်။
၂ယောက်ခန်းတွေချည်းဖြစ်သောကြောင့် ယောကျာ်းလေး၂ယောက်တစ်ခန်း၊ မိန်းကလေး၆ယောက်က
၂ယောက်တစ်ခန်းစီ။ ကျွန်တော်က သူတို.ကိုမေးမနေတော့ဘဲ…
“ငါတို. အခန်း ၂၀၆ ရတယ်..
ငါတို.အခန်းက Balcony ပါတယ်တဲ့… View ပိုလှတယ်.. မြန်မြန်လာ ဟိုကောင်တွေလာလုလိမ့်မယ်..” ပုံ.ပုံ.လက်ကိုဆွဲရင်း အခန်းဆီသို.ပြေးသည်။
ဟိုကောင်တွေ ခဏကြောင်ပြီး ဆူညံပွက်လောရိုက်ကာ ကျန်ခဲ့ပြီ။ ဟုတ်သည်လေ…
Balcony က ဒီတစ်ခန်းဘဲပါတာ..း)
Chapter
4 - FINAL
အခန်းထဲရောက်တော့ မောလဲမောသလို ရင်လဲခုန်နေသည်။ ကုတင်၂လုံးက ဘေးချင်းယှဉ်လျက်။
ကျွန်တော့်ရင်ခုန်သံတွေ တော်တော်မြန်နေပြီ။ ကျွန်တော် ပုံမှန်မဟုတ်တာ ပုံ.ပုံ.လဲ သိနေသလိုပင်။
တိတ်ဆိတ်မှုကို သူမက စတင်ဖြိုခွဲလိုက်သည်..
“နင် ဘယ်အခြမ်းယူမှာလဲ..”
“ရေချိုးခန်းဘက်ခြမ်းယူမယ်.. ငါက ပြတင်းပေါက်နားမအိပ်ရဲဘူး..”
ကျွန်တော့်စကားဆုံးတော့ သူမရီသည်။ အိုး…သူမသွားလေးတွေက စီစီရီရီနှင့်
လှလွန်းသည်။
“နင်ကလဲ နေတော့ ကောင်လေးပုံနဲ့ ကြောက်တတ်လိုက်တာ..အဲ..” သူမ အရီတစ်ဝက်နှင့်ပြောရင်း၊
ကျွန်တော့်မျက်ဝန်းတွေကို မြင်သွားသည်။ သူမစကားပြောရပ်သွားပြီး ကျွန်တော်တို. ၂ယောက်
တစ်ယောက်ကို တစ်ယောက်ငေးကြည့်နေမိသည်။
တစ်မိနစ်
နှစ်မိနစ်….
“ဒုန်း..ဒုန်း..ဒုန်း..ရေမြန်မြန်ချိုးကြဟေ့… နောက် နာရီဝက်နေရင်
ရင်ပြင်တော်ပေါ်တတ်မယ်..” အိအိအသံက တံခါးဝဆီမှ လျံထွက်လာသည်။
“ဒုန်း..ဒုန်း..ဟဲ့..ကြားကြလား…ငလင်းနဲ့ ပုံ.ပုံ.” တ့ခါးကိုထုရင်း
ဆက်အော်သည်။
“အေးပါဟ.. ကြားပါတယ်…” ကျွန်တော်ပြန်အော်မှ
“ကြားရင်ပြီးရော… “ ဆိုကာ အိအိနောက်တစ်ခန်း ဆက်ထွက်သွားသည်။
ကျွန်တော်တို. ၂ယောက်ခေါင်းတွေငုံ.ပြီး ရှက်နေကြသည်။ ပြီးမှ ကျွန်တော်ကဘဲစပြီး…
“ပုံ.ရေအရင်ချိုးလိုက်လေ.. ကျွန်တော်ပြီးမှ ချိုးမယ်..”
“အင်းး…ပြီးရော..ပုံ.အရင်ချိုးလိုက်တော့မယ်…” ဆိုကာ ရေချိုးခန်းထဲ
ပြေးဝင်သွားသည်။
ကျွန်တော်လဲ အိပ်ယာပေါ်လှဲချရင်း… ၀ှူး…ခုန်နေသော ရင်ဘတ်ကိုဖိရင်း
လေပူတွေကို မှုတ်ထုတ်မိသည်။
ရေချိုးသံထဲက ရေကျသံကလဲ ကျွန်တော့်စိတ်ကိုအတောမသတ် လှုပ်ရှားနေစေပြန်ရော..
“ ငလင်း စိတ်ထိန်း စိတ်ထိန်း… အခုရောက်နေတာ ဘုရားရောက်နေတာ..” ကိုယ့်ကိုယ်ကို
ပြန်သတိပေးနေရသည်။
~~~~ ~~~
ရင်ပြင်ပေါ်တတ်ဖို. မုခ်ဦအ၀ရောက်တော့ ကျွန်တော်ပြသနာတတ်သည်။ ထမီဝတ်ရမည်တဲ့။
ဟာ…မ၀တ်ချင်ပါဘူး။ လုံခြုံရေးကလဲ ထမီမ၀တ်လျှင်လုံးဝပေးမတတ်တဲ့။
ကျွန်တော်တို.၂ယောက် အခြေအတင်ဖြစ်နေကြသည်။ ကျွန်တော် ရင်ပြင်တော်ပေါ်မတတ်ဟု
ဆုံးဖြတ်လိုက်ပြီး..
ထိုအချိန်တွင် ပုံ.က ကျွန်တော့်လက်မောင်းကို ကိုင်ပြီး၊
”၀တ်လိုက်ပါ လင်းရယ်..
နင်မပါတော့ ငါတို.တွေဘယ်ပျော်မှာလဲ..”
သူမစကားတစ်ခွန်းနဲ့တင် ကျွန်တော် စိတ်တွေကို လျော့ချလိုက်သည်။ လုံခြုံရေးကိုတော့
မကြည်ကြည့် ကြည့်ရင်း အိအိပေးတော့ ထမီကိုဆွဲပြီး ခေါင်းကနေစွပ်ချသည်။
“ဟဲ့…ဘုန်းတွေနိမ့်ကုန်တော့မှာဘဲ..” အိအိကအော်သည်။
ကျွန်တော်မကြားချင်ယောင်ဆောင်ပြီး၊ လှေကားထစ်တွေ ပြေးတတ်လာခဲ့သည်။
ဘယ်သူ.ကိုမှလဲ စကားမပြောချင်၊ အထူးသဖြင့် အခုလိုပုံစံနဲ့ ပုံ.ပုံ.ကို
မတွေ.ချင်… ကျွန်တော် ရှက်နေမိသည်။ တခုခုကိုလဲ စိတ်နာနေသည်။ ဘာရယ်လဲ သေချာမသိ..
ရင်ပြင်တော်ပေါ်ရောက်တော့ ဘုရားရှခိုး ဆီမီးကပ်ပြီး၊ စိတ်တွေ နဲနဲကြည်လင်စပြုလာသည်။
ကျိုက်ထီးရိုးစေတီရဲ့ ရွှေရောင်ဝင်းနေသော ကျောက်လုံးတော်က စိတ်ထဲက နောက်ကျိမှုတွေကို
သက်သာစေသည်။ ယောက်ျားလေးတွေ ဘုရားဆီသွားပြီး ရွှေသင်္ကန်းကပ်နေချိန် ကိုယ့်ကိုယ်ကို အားငယ်မိသည်။
“လင်း… ဆီမီးကူထွန်းပေးပါဦး…” ပုံ.ပုံ.က လှမ်းအကူအညီတောင်းသည်။
ဟုတ်တာပေါ့ ဒီနေ့က နှစ်သစ်ကူးညဆိုတော့ ရင်ပြင်တော်ပေါ်မှာ ဆီမီးထွန်းသူတွေ
ပြည့်လျံနေသည်။ ဒီတော့ ဆီမီးခွက်နေရာတွေကလဲ အပြည့်။ ကျန်နေသောနေရာက ခပ်လှမ်းလှမ်းမှာ၊
ထိုနေရာကို သူမရဲ့ ရှည်လျားသောဆံပင်တွေနဲ့ ဘယ်လိုမှ ကုန်းပြီးထွန်းလို.မရ၊ ထို.အပြင်
မီးတွေကလဲ ပူလွန်းသည်… ကျွန်တော်ခပ်မြန်မြန်သွာြး့ပီး.. သူမဖယောင်းတိုင်ထုပ်ကို လှမ်းယူလိုက်သည်။
သူမအတွက် ဖယောင်းတိုင်လေးတွေကို မီးအပူခံကာ သေသေချာချာ လှလှပပစီရီပြီးထွန်းပေးသည်။
ဆီမီးထွန်းပေးပြီးတော့ ရင်ထဲမှာပျော်နေသည်။ ၂ယောက်တူတူဘုရားကို
လက်အုပ်ချီကန်တော့ရင်း ကျွန်တော့်နှုတ်ခမ်းတွေ ပြုံးနေတာကို သတိထားမိသည်။ ဘာရယ်မဟုတ်…သာမန်ကောင်မလေးတစ်ယောက်
မလုပ်နိုင်တာကို ကျွန်တော်လုပ်နိုင်ခဲ့လို.။ သူမကလဲ ကျွန်တော်ထွန်းပေးတဲ့ ဆီမီးလေးကို
ပြုံးပြီးကြည့်နေသည်။ ပြီးတော့ ကျွန်တော်တို.၂ယောက် မျက်ဝန်းတွေဆုံမိကြပြန်သည်။
ဒီတစ်ခါတော့ တစ်ယောက်ကို
တစ်ယောက် နားလည်မှုပြည့်သော အကြည့်တွေနှင့်။
ထိုအချိန်တွင်တော့ ရင်ပြင်တော်အောက်ဘက် စားသောက်ဆိုင်တန်းမှ မီးရှူးမီးပန်းအချို.မြင်လိုက်ရသည်။
လူတွေအားလုံးနှင့်အတူ သူမလက်ကိုဆုပ်ကိုင်ရင်း ပျော်ရွှင်စွာ ကြွေးကြော်လိုက်သည်။
HAPPY NEW YEAR!!!!!
The End…
Tommy..စိမ်းကားနေပေမဲ့...ဆုကတော့..အမြဲဝင်ဖတ်တယ်နော်..ဘာပဲရေးရေးစိတ်ဝင်စားပါတယ်...:)
ReplyDeleteTommy..ရဲ့အရင်တုန်းက..အကြောင်းလေးတွေ..ဖတ်ရတာပျော်စရာကောင်းပါတယ်..:)
ReplyDeleteThis comment has been removed by the author.
ReplyDeleteကျွန်တော် မစိမ်းကားပါဘူး...း)
ReplyDeleteအားလုံးကို ခင်ပါတယ် ဆုရယ်..
အထင်မလွဲပါနဲ့