မင်္ဂလာနံနက်ခင်းပါ...
ကျွန်တော့်အတွက်တော့ ဒီနေ့မနက်ခင်းက တကယ့် မင်္ဂလာပါဘဲ...
ကျွန်တော့် ကြောင်မလေး ညက ကလေးလေးတွေမွေးတယ်ဗျ... ညကချောင်းကြည့်ထားရသလောက်တော့ ၂ကောင်တွေ.တာဘဲ.. သားသားလား၊ မီးမီးလား ပိုမွေးသေးလားကတော့ သူက ကပ်စီးနည်းပြီး ကလေးတွေဖွက်ထားတော့ ကြည့်မရသေးဘူး..း(
ခန်းဆီးလေးဖွင့်လိုက်ရင် သူ.Body ကြီးနဲ့ကွယ်ထားတော့ အသံလေးတွေသာကြားရပြီး အကောင်လေးတွေ မြင်ရဘူးဗျ...
ဘာဘဲပြောပြောပေါ့ဗျာ သူတို.ရဲ့ ချစ်စရာအသံလေးတွေ ကြားရတာနဲ့တင် ရင်ထဲမှာ ပျော်လိုက်တာ အရမ်းဘဲ...း)
ခုတော့ အလုပ်သွားလိုက်ဦးမဗျ... ညနေပြန်လာရင်တော့ ကောင်မလေးတစ်ယောက် ကလေးတွေ ကပ်စီးနဲပြီး ဆက်မဖွက်လောက်ဘူး ထင်ပါရဲ့..း)
No comments:
Post a Comment