Tuesday, October 30, 2012

Happy ThiDinKyuk



မင်္ဂလာ သီတင်းကျွတ်ပါ ...း)
ဒီနေ့ အလုပ်ဟောင်းက သူငယ်ချင်းတွေဆီသွားလည်ဖြစ်တယ်..
သူတို.ချက်တဲ့ ကြာဇံချက်နဲ့ လက်ဖက်ရည် သွားစားတယ်..
သူငယ်ချင်းဟောင်းတွေနဲ့ စကားတွေ အများကြီးပြောခဲ့တယ်..
အားလုံးကပြောကြတယ် အရမ်းပြောင်းလဲသွားတယ်တဲ့
ဟုတ်မှာပါ... မျက်စိခွဲလိုက်တော့ အရင်လိုမျက်မှန်အထူကြီးမရှိတော့ဘူးလေ..
ဆံပင်ညှပ်ထားတော့ အရင်လို ဆံပင်အရှည်ကြီးလဲ မရှိတော့ဘူးပေါ့
အဓိက ကတော့ မိန်းမပိုဆန်လာလို. အံ့သြနေကြတယ်.. အလုပ်သဘောအရ အရေခွံလဲထားပေမယ့် နှလုံးသားက မပြောင်းလဲသေးတာ သူတို.တွေ နားမလည်ကြသေးဘူး... ရှိပါစေတော့လေ လိုက်ရှင်းပြမနေတော့ပါဘူး...မောတယ်..း)
ဒီနေ့ အလုပ်အရမ်းရှုပ်တယ်...
သန်ဘက်ခါ EMINEM လာတည်းမယ်ဆိုလို.တဲ့ အခန်းကို အရမ်းကိုသနေကြတယ်..
တကယ်သာလာတည်းမယ်ဆိုရင်တော့ သွားပြီး ချောင်းကြည့်ဦးမှဘဲ..း)
Formula 1 ပိတ်ပွဲနေ့ Final ပွဲကိုတော့ သွားကြည့်နိုင်မယ်ထင်ပါတယ်.. လက်မှတ်ရမယ်လို. မျှော်လင့်တာဘဲ...
လာမယ့် အဆိုတော်က ၃ယောက်တဲ့..ကျွန်တော်သိတာကတော့ EMINEM တစ်ယောက်ဘဲ...း)
အရင်နှစ်တွေကလည်း Atomic Kitten က Nicole နဲ့ သူ.ရည်းစား F1 Driver တို.ကို ၁၅မိနစ်လောက် စကားတွေပြောပြီး၊ celebrity မှန်းမသိခဲ့ဘူး...
Aero Smith နဲ့တွေ.တုန်းကလဲ သူပေးတဲ့ Tip Money တော့ယူလာခဲ့ပြီး၊ သူက ဓာတ်ပုံတွဲရိုက်မယ်ဆိုတာ ငြင်းလာမိလို. သူငယ်ချင်းတွေက ပြောတယ် ငတုံးတဲ့...း)
ဟုတ်ကဲ့..ကျွန်တော်ကလဲ ကျွန်တော်ပါဘဲ အဲဒီ Hollywood Celebrity တွေကို Korea Celebrity တွေလောက်တကယ်ကို မသိတာပါ...
အယ်...သီတင်းကျွတ်အကြောင်းပြောနေရင်းက ဘယ့်နှယ် F1 ရောက်သွားပါလိမ့်
ဘာဘဲဖြစ်ဖြစ် အိပ်တော့မယ်ဗျာ...
ဒီနေ့တော့ ရေလည်ပြိုင်းတယ်..
တာ့တာ
ပျော်ရွှင်သော မီးထွန်းပွဲတော်လေး ဖြစ်ကြပါစေ...း)

1 comment:

  1. ဟိုနေ့ကတည်းက...ကောမက်ရေးနေတာ...အဆင်မပြေဘူး...ဒီသီတင်းကျွတ်မှာလည်း..မပျော်ရပါဘူးကွယ်....:(

    ReplyDelete