ဓာတ်ပုံတွေပြန်ကြည့်မိတိုင်း လွမ်းတယ်
အရမ်းဆိုးသလို ချစ်စရာကောင်းလွန်းခဲ့တဲ့ ကလေးလေးကိုလွမ်းတယ်
ခုဘယ်တွေရောက်နေလဲ
ဘယ်သူနဲ့ ရှိနေလဲ
သက်ရှိထင်ရှားရော ရှိသေးရဲ့လား
အိမ်ကိုစရောက်လာတဲ့ ပထမဆုံးနေ့လေးကို သတိရနေတယ်
လုံခြုံရေးမြင်မှာစိုးလို. အ၀တ်အိတ်သေးသေးလေးထဲအထိခေါ်ယူလာလို.ရအောင် ငယ်လွန်းတဲ့အရွယ်လေး
ရောက်ခါစ ထမင်းကောင်းကောင်းမစားတတ်သေးလို. နို.၀ယ်တိုက်ရတာအမော
ကြီးလာတော့လဲ ပျင်းနေမှစိုးလို. အခန်းထဲ ဖုန်အတတ်ခံပြီး Balcony တံခါးတွေဖွင့်ပေးရ
Housing ကပေးထားသမျှ ဆိုဖာတွေလဲ မင်းလက်ချက်နဲ့ အမွှေးတွေဖွာထွက်နေခဲ့တာ
ဘုရားသောက်တော်ရေတော် ကပ်တတ်တဲ့အကျင့်ပျောက်ခဲ့ရတယ်
(ဂျောက်လေး မှောက်ချတတ်လို.လေ)
အခုတော့ အမှတ်ရစရာတွေချည်းပါလားကလေးရယ်
မင်းမဆော့ဘဲ ပစ်ထားခဲ့တဲ့ အရုပ်တွေ ခုထိရှိတုန်းဘဲ
မင်းအတွက် ရည်ရွယ်ပြီးဝယ်ထားတဲ့ သဲအိတ်ကြီးလဲ ဒီအတိုင်းဘဲ..
လွမ်းတယ် ကလေးလေးရယ်
ပျော်ချင်တိုင်းပျော်ပြီးတော့...ခုမှသတိရပြီပေါ့လေ...စကားမစပ်...JESSICA.ကတော်တော်ချောတယ်နော်...Bora..ထက်တောင်ချောသေးတယ်...:)
ReplyDeleteဟုတ်တယ်.. Jessica ကပိုချောတယ်..ဒါပေမယ့် သူက မျက်နှာကို plastic surgery လုပ်ထားတာ၊ ဘိုရာလေးက original ချောတား)
Delete