Sunday, October 14, 2012

တခါတရံတော့ အချစ်ဆိုတာ သင်မသိလိုက်ဘဲ အလိုလိုရောက်လာတတ်တယ်
သိလိုက်တဲ့ အချိန်မှာတော့ သူက နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာမှာ အမြစ်တွယ်နေခဲ့ပြီ
မဖြစ်နိုင်တဲ့ အခြေအနေတွေကြုံလာခဲ့ရင်
နောက်ဆုတ်လိုက်ရမလား
ရှေ.ဆက်တိုးပြီး အရာရာကို ရင်ဆိုင်မလား
?? ??
ကျွန်တော် ပထမနည်းကို သုံးခဲ့တယ်
သင်ဆိုရင်ရော...
လူ၂ယောက်စိတ်ချမ်းသာဖို.အတွက် ကျန်သူတွေ စိတ်ဆင်းရဲစေမလား...
ကျွန်တော်က ထွက်ပြေးသူ၊ ပျော့ညံ့သူလို. အချစ်က စွပ်စွဲခဲ့တယ်
ဟုတ်ကဲ့.. ကျွန်တော် တာဝန်မယူရဲသူပါ
ဒါပေမယ့် နောက်ဆုတ်လိုက်ရတဲ့ နှလုံးသားကလဲ ဒဏ်ရာတွေ အပြည့်နဲ့ပါ
တနေ့ တနေ့ လူတွေကြားမှာ အသက်မဲ့သူတစ်ယောက်လို ဖြစ်နေခဲ့တာ
နာနေတဲ့ နှလုံးသားကို မသိချင်ယောင်ဆောင်ရင်း
အပြုံးတုတွေနဲ့ ရှင်သန်ရတာ
တစုံတယောက်ကို သစ္စာမရှိသူလို. စွပ်စွဲကြွေးကြော်ရင်း
လွတ်လပ်စွာ ငိုကြွေးခွင့်ရသူထက်တော့ သာမှာပါ
အမှန်တော့ ထားခဲ့သူနဲ့ အထားခံရသူ
အထားခံရသူ ဘ၀က ပိုကောင်းမယ်ထင်တယ်
အနဲဆုံးတော့ သူတို.က နှလုံးသားကို အမှန်အတိုင်း ဖွင့်ပြခွင့်ရှိတယ်

1 comment:

  1. အင်း..ဘယ်လိုပြောရမလဲနော်...အချစ်ဆိုတာ.အဖြေမရှိတဲ့..အမျိုးမျိုးသောပုစ္ဆာတွေလို့..ဆုတော့ထင်တယ်...ဆုကိုယ်တိုင်လဲ...အဲဒီနည်းလမ်းနှစ်မျိုး..ရွေးရမယ်ဆိုရင်...မရွေးတတ်ဘူး...ချစ်သူဘက်က..ခိုင်မာနေရင်..ဒုတိယနည်းကိုပဲသုံးမိမယ်ထင်တယ်...ချစ်သူကိုယ်တိုင်က..ပျော့ညံ့ရင်တော့..ရင်နာနာနဲ့နောက်ဆုတ်ပေးရမှာပေါ့လေ...ခုလောလောဆယ်တော့..အရာအားလုံးကိုမုန်းတီးနေမိတယ်...ကိုယ့်ကိုကိုယ်ရောပေါ့...း(

    ReplyDelete