Monday, September 10, 2012

ဒီနေ့ Tommy အလုပ်ကောင်းကောင်းမလုပ်ပါ။
ဘောစိကလဲ တနေကုန် အလုပ်မရှိတော့ ရုံးခန်းထဲမှာ ဟောက်စားလုပ်နေသည်။
ဆရာတပည့်၂ယောက်လုံးအလုပ်မရှိတာချင်တူပေမယ့်၊ သူ.နဲ့ကိုယ့်ရုံးခန်းက မှန်အကြည်တစ်ချပ်ဘဲခြားထားတော့ ကိုယ်လုပ်သမျှသူမြင်၊ သူလုပ်သမျှကိုယ်မြင်နေရတာ အတော်ဂွကျသည်။
ဒီတော့ Tommy ဘာလုပ်ပါသနည်း...
ဟီးဟီး...ဘောစိကို ကိုရီးယားသွားမည့်အကြောင်းလေကန်ရင်း SISTAR ကောင်မလေးတွေပုံပြသည်။ သူကလဲ သိပ်စိတ်ဝင်စားပုံမရ၊ ချက်ချင်း အင်တာနက်ဖွင့် ရှာတော့သည်။ (ဖြစ်ရမယ် ဆရာတပည့်ပါဆို)
သူ.ကို နာမည်တွေနဲ့ ဓာတ်ပုံတွေ၊ ကောင်မလေးတွေရဲ့ position တွေက အစမိတ်ဆက်ပေးလိုက်သည်။
သူလဲ ပြုံးပြုံး ပြုံးပြုံးနှင့်အကုန်ကြည့်သည်။း)
နောက်ဆုံးတော့ လူခွဲရသည်။ (တော်ကြာ သူများ BORA လေးကို လိုက်ကြိုက်မှာစိုးလို.) တော်သေးသည်။ သူက HYOLIN ကိုသာ ကြိုက်သည်တဲ့။ ဒီလိုနဲ့ သူ.ကို ဓာတ်ပုံတွေပြ၊ သီချင်းတွေကြည့်ခိုင်းနှင့် တော်တော်အလုပ်ရှုပ်သွားကြသည်။ ဒီကြားထဲ ဖုန်းတွေ ၀င်ဝင်လာသေးသည်။ London ရုံးကဖုံးကလွဲလျှင် မကိုင်နဲ့ဟု သူကပြောသည်။ တပည့်ကလဲ ပျော်သွားသည်။
၂ယောက်လုံး ကောင်မလေးပုံများနှင့် တော်တော်ရှုပ်သွားသည်။ နောက်ဆုံးတော့ ကိုရီးယားက ပြန်လာလျှင် HYOLIN ပုံအမှတ်တရ တခုခုဝယ်ခဲ့မည်ဟုပြောလိုက်ရသည်။ (သူ.မိန်းမသိလျှင် အနော် အဆဲခံရနိုင်သည်။ ခိခိ)
ဘာဘဲပြောပြော ရုံးချိန်တစ်ရက်ကုန်သွားသည်။ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ရဘဲ၊ BORA လေးကို တနေကုန် ကြည့်ခွင့်ရလိုက်သည်။ ထို.အတွက်ကြောင့် အတော်ပျော်ပါသည်။ ဒီလိုနေ့လေးတွေသာ နေ့တိုင်းဆို လောကကြီးက ဘယ်လောက်သာယာလိုက်မလဲကွာ....ဟွန်း
ဘာဘဲပြောပြော ၁၃ရက်နေ့ည ကိုရီးယားသွားမည်။း)

 
ဘယ်ဘက်က ပခုံးဖက်ထားတဲ့ ကောင်မလေးက Tommy အသဲလေး BORA, ညာဘက်က ဆံပင်ရွှေညိုရောင်လေးနဲ့ ကောင်မလေးက HYOLIN..
ဘယ်သူပိုချောလဲ.. ?? :)

3 comments:

  1. နှစ်ယောက်စလုံး..ချောတယ်...မီးမီးလည်းအဲလိုဖြစ်ချင်တယ်...:)

    ReplyDelete
  2. အဲလိုဖြစ်ချင်ရင် အလွယ်ဆုံးနည်းကတော့ သူတို.ဘယ်ခွဲစိတ်ဆရာဝန်ဆီမှာ ပြုပြင်ထားလဲ စုံစမ်းပြီး၊ လိုက်လုပ်...း) ဟိဟိ

    ReplyDelete
  3. အဲဒါဆို...မီးမီးက...natural..beauty..ပေါ့နော်...:P

    ReplyDelete