Tuesday, September 25, 2012

Happy Birthday May May!

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ ချစ်ရတဲ့ မေမေ..


မိသားစုထဲမှာ တစ်နှစ်တာရဲ့ နောက်ဆုံး မွေးနေ့ပိုင်ရှင်ပေါ့..

Tommy တို. မိသားစုက မိုးတွင်းမှာမွေးကြတယ်။ အစ်မလတ်က June, အစ်မကြီးက July, Tommy က August နဲ့ မေမေကတော့ နောက်ဆုံး September မှာမွေးတယ်..

ဘာလိုလိုနဲ့ ၆၂နှစ်တာကာလမှာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်း၊ အချစ်၊ အမုန်းတွေကို မေမေ တွေ.ကြုံခဲ့ပြီးပြီပေါ့။
လောကဒဏ်ဆိုတာ တခါတခါ ခါးသီးတယ်နော်..
Tommy လဲ ဒါတွေကို နားလည်တတ်နေပါပြီ။
ဘာဘဲပြောပြော မေမေ့ဘ၀သက်တမ်းတစ်ဝက်ကို သမီးသုံးယောက်နဲ့ တူတူဖြတ်ကျော်ခဲ့ရတာ ပင်ပန်းပေမယ့် ကျေနပ်မယ်ထင်ပါတယ်..
မေမေက အသက်၃၀အရွယ်မှာ ယောက်ျားဆုံးပြီး လူမမယ်သမီးလေး သုံးယောက်နဲ့ ဘ၀ကို တစ်ကိုယ်တည်းရုန်းကန်ခဲ့တဲ့ ကျွန်တော့်ရဲ့ အနှိုင်းမဲ့မိခင်ပါ...
ကျွန်တော် ဖေဖေ့ကို မသိဘူးမေမေ...ရက်၅၀ အရွယ်မှာ ဖခင်မဲ့ခဲ့ရတာ ကျွန်တော့်ကံမကောင်းလို.ဘဲနေမှာပါ..
ဒါပေမယ့် လောကမှာ ချစ်စရာအကောင်းဆုံး အမေကို ပိုင်ဆိုင်ခွင့်ရတာနဲ့တင် ကျေနပ်ပါတယ်..

Tommy ချစ်တဲ့ မေကြီး အသက်ရှည် ကျန်းမာစွာနဲ့ နောက်ထပ် ဆယ်စုနှစ်ပေါင်းများစွာကို ချစ်တဲ့သမီးတွေနဲ့အတူ ပျော်ရွှင်စွာ ဆက်လက်ကျော်ဖြတ်နိုင်ပါစေလို. ဆုတောင်းပါတယ်...

မေမေ့မွေးနေ့မှာ အနားနားရှိမနေပေးနိုင်တာကို ခွင့်လွှတ်ပါနော်..

မေမေ့ကို အရမ်း အရမ်း ချစ်တဲ့

Tommy

2 comments:

  1. Tommy..မေမေ..မွေးနေ့လား...ဆုလည်းပဲ...ဆုမွန်ကောင်းတောင်းပေးပါတယ်....Tommy..မေမေအရမ်းတော်တာပဲနော်....း)

    ReplyDelete