Sunday, July 8, 2012

ဒီနေ့ အလုပ်ထဲမှာ ဘာမှ ကောင်းကောင်းမလုပ်ဖြစ်ပါ။ လူတကာကို ဟောက်စားလုပ်ပြီး၊ ကောင်းနေတဲ့ အရာတွေကို ဖျက်ပြီး၊ ကိုယ်ဘာမှလုပ်မထားတဲ့ မျက်နှာပေးနဲ့ မသိချင်ယောင်ဆောင်ပြီး၊ လူလည်ကျပြီး၊ စကားရောဖောရော လျောက်ဖောရွှေပြီး၊ ဟိုရုံးခန်းလေသွားပန်းလိုက်၊ ဒီရုံးခန်းလျောက်သွားလိုက်နဲ့ တနေ့တာကို အားရပါးရကြီး ကုန်ဆုံးခဲ့ပါတယ်။ အထက်ကဘိုးတော်ကလဲ သူရုံးခန်းထဲမှာ ထိုင်နေရင်၊ Tommy တစ်ကောင်ရစ်တော့မယ်၊ ကွန်ပလိန်းတွေ တသီကြီးပေးတော့မယ်ဆိာတာ သိနေပုံဘဲ၊ မနက်ခင်း Briefing ပြီးကတည်းက ပျောက်သွားလိုက်တာ..ရုံးခန်းကို အနားတောင် ပြန်မသီပေ.. ကောင်းလေစွ ကောင်းလေစွ... အလွန်ငြိမ်းချမ်းသော နေ့လေး တစ်နေ့ပါလေ....
မုန်းသူများမျက်နှာ မတွေ.ရ၊ ချစ်သူများကလဲ အလုပ်ရှုပ်နေကြ၊ ဘယ်လိုမှ မနေသောသူများကလဲ ဘာလုပ်နေမှန်းမသိသောကြောင့် Tommy တစ်ယောက် တော်တော်အားနေခဲ့သည်။
နေသာသောကြောင့် (အမှန်တော့ နေပြင်းတာ) အပြင်မထွက်ချေ။ အပြင်ထွက်လျှင် အသားမည်းမှာ စိုးသည်။
ဒီနေ့ Beach သွားမယ့် အစီအစဉ်ကို အကောင်အထည်ပြန်ဖော်သော သကောင့်သားကို မှတ်လောက်သားလောက်ရှိအောင် အလုပ်တွေ တပုံကြီး ပေးပလိုက်သည်။ (ဟုတ်တယ်လေ.. ပူရတဲ့အထဲ Beach သွားချင်နေသေးတယ်...)
သဘောတူတူ မတူတူ Bowling ကစားရန် အကုန်လုံးကို မဲဆွယ်သည်။ အောင်မြင်ချက်ကတော့ ခုချိန်ထိ notice board မှာ fully blank ဖြစ်နေတုန်း....း(
အမှန်တော့ Bowling ကစားရသည်ကို ကြိုက်လွန်းလို.တော့မဟုတ်ပါ။ နေရိပ်ထဲ ဆော့ရသောကြောင့် ဖြစ်သည်။ ရာသီဥတုပူလွန်းသည်။ ပိုးစိုးပက်စက် ပူပါသည်။ အလကားနေရင်း ကိုယ့်ကိုယ်ကို မီးမမြှိုက်ချင်ပါ။ ထိုကြောင့် Outing သွားလျှင် Beach မှဝေးရင် ပြီးရော၊ အခြားပေါက်ကရ တွေကို လျောက်စဥ်းစားခြင်းဖြစ်သည်။ ;)
ခုလောလောဆယ်တော့... Bowling နဲ့ Beach မှာ ရပ်နေသည်။ ၂ယောက်ကတော့ ferrari world သွားချင်သည်ဟု အဆိုပြုသည်။ ဒီအကြံမဆိုးပါ။ ခက်တာက အချိန်ဖြစ်သည်။ တနေကုန် Yas Island မှာ အချိန်ဖြုန်းနိုင်မှ တန်သော ကစားကွင်းဖြစ်သည်။ ကိုယ်တွေက အလုပ်တစ်ဖက်နှင့် ဆိုတော့ ညနေဘက် တစ်ပိုင်းသာ ကဲနိုင်ကြသည်။ ဘာဘဲပြောပြော သူတို.အကြံကို ထည့်စဉ်းစားပေးမည်ဟု ကတိပေးလိုက်သည်။ ဟူး.... နောက်ဆုံးတော့ Bowling ဘဲဖြစ်လာမည်ဟုထင်သည်။ အဘယ့်ကြောင့်ဆိုသော် ကိုယ်တိုင်မှာ Admin ဖြစ်နေသောကြောင့်ဖြစ်သည်။ ခိခိ..း) ပျော်ထှာ...

3 comments:

  1. Bowling..ကစားတာပဲကောင်းပါတယ်..ပိုက်ဆံကုန်သက်သာပြီး..ကျန်းမာရေးအတွက်လည်းကောင်းတယ်မဟုတ်လား...နေရိပ်ထဲမှာလည်းဆော့ရတယ်..:)

    ReplyDelete
  2. လူတကာကိုဟောက်စားလုပ်နေတယ်တဲ့..ဟိဟိ..Tommyက.ချစ်စရာလေးပဲ..

    ReplyDelete
  3. ဂယ်လား....ချစ်ဖို.ကောင်းတယ်ဆိုလို. ခိခိ...
    ခက်တာက အလုပ်ကလူတွေကတော့ အဲလိုထင်မယ်မထင်ဘူး... ကျွန်တော့်ကို ကြည့်မရတဲ့လူများတယ်..း(

    ReplyDelete