Saturday, July 7, 2012

နွေရာသီက သေလောက်အောင် ပူတယ်.. ၄၈ဒီဂရီ အပူရှိန်ကြားထဲမှာ ၁၀မိနစ်လောက် လမ်းလျောက်ရတာ ၁နာရီလောက်ကြာတယ်လို. ထင်ရအောင်ပူတယ်။ Shopping Mall ကနေ Taxi ပေါ်ရောက်ဖို. ခဏလေးစောင့်ရတာလဲ မီးမြှိုက်ခံရသလိုပူတယ်။ ရေချိုးတော့လဲ Hot water ဘဲဖွင့်ဖွင့် cold water ဘဲဖွင့်ဖွင့် ရေနွေးနီးပါးပူနေတဲ့ ရေတွေနဲ့ဘဲ တွေ.တွေ.နေရတယ်။ ပန်းကန်ဆေးရင်း အငွေ.တထောင်းထောင်းနဲ့ ရေတွေပွင့်ကျလာတတ်လို. လက်မလောင်အောင် ရေကို ဖွင့်ပိတ်သေချာဆင်ခြင်နေရတယ်။ ဘယ်သွားသွား ဦးထုပ်လေးကို ပါအောင် သယ်နေရတယ်။ ဂျင်းဘောင်းဘီဆို မကြည့်ချင်လောက်အောင် ပူတယ်။ ချည်သားဘောင်းဘီပွပွနဲ့ တီရှပ်အပါးလေးတွေက နေ့တိုင်းဝတ်နေကျ စတိုင်လ်တောင်ဖြစ်နေပြီ။ ဒီကြားထဲ ဆံပင်ရှည်ထားချင်တဲ့ ရောဂါကြောင့် ဆံပင်အုံထူပွပွကြီးက ခေါင်းတွေမူးနောက်ချင်လာအောင် ပြသနာရှာတတ်တယ်။ ရာသီဥတုပူလို.လား မသိဘူး စိတ်လဲ တိုတိုလာတယ်။ ဟူး... ဘာပြောပြော ပူတယ်....း(

5 comments:

  1. မ လဲ ဘယ်သွားသွားဦးထုပ်ပါတယ်.. မိုးရွာလို့
    shopping သွားတုန်းက ဝယ်ထားတဲ့ ပစ္စည်းပြပါ
    :P

    ReplyDelete
  2. ပူတယ်ဗျိုး....ဒီမှာလဲ....:)
    ဒါပေမယ့်အဲ့မှာလောက်တော့မဆိုးပါဘူး...တွန်လည်းသိမှာပါ...။အဲ့မှာတော့ အတော်ပူတာပဲနော်....။
    ဒီမှာက မိုးရွာရင်သက်သာတယ်...။

    ReplyDelete
  3. ဒီမှာတော့ မိုးဆိုတာ ဘယ်လိုဟာလဲ ပြန်မေးရမလိုဘဲ.. ၁နှစ်နေလို.မှ ၁ခါမမြင်ရတဲ့မိုး....း(
    ဘယ်ဘ၀က အကုသိုလ်ကြောင့် ဒီလိုနိုင်ငံမှာ အခြေချနေရလဲ မသိတော့ပါဘူးဗျာ... စိတ်လေတယ်...

    ReplyDelete
  4. ဟိဟိ..မြန်မာနိုင်ငံက..ရွာနိုင်လွန်းတဲ့မိုးတွေ..ပို့ပေးလိုက်မယ်လေ..:)

    ReplyDelete