Sunday, July 1, 2012

ဒီနေ့ အမေ့ကို ဖုန်းခေါ်လို.မရဘူး။ စိတ်ညစ်လိုက်တာ... အမေ့အသံမကြားရရင် အလုပ်ထဲလဲ စိတ်မပါဘူး။ ဘာလုပ်လုပ် စိတ်မ၀င်စားဘူး။ အိမ်ကိုဘဲ စိတ်ကရောက်နေတယ်။ အမေကို တရားလွန် ချစ်တတ်တဲ့ ကိုယ့်ကိုယ်ကိုလဲ စိတ်တိုတယ်။ အမေလဲ သနားပါတယ်.. ကျွန်တော့်ကြောင့် တရက်မှ နားအေးပါးအေးမနေရဘူး။ တချိန်လုံး ဖုန်းနဲ့ လူနဲ့မကွာနေရရှာတယ်။
တရက် တစ်ခါမှ အမေ့အသံမကြားရရင် နေမရဘူး။ ဒီနေ့ တရက်ကုန်တော့မယ် အမေနဲ့ ဖုန်းပြောရသေးဘူး။ မြန်မာပြည်က ဆက်သွယ်ရေးကိုလဲ မုန်းတယ်။ ဖုန်းလိုင်းမိတဲ့ နေရာမှာမထားတဲ့ အမေ့ကိုလဲ စိတ်ဆိုးတယ်။ လိုင်းတွေမကောင်းတဲ့အထိ ရွာနိုင်လွန်းတဲ့ မိုးကိုလဲ မုန်းတယ်။
မပျော်ဘူး ... ဒီနေ့.။
မေမေ့ကို လွမ်းတယ်...း(

2 comments:

  1. ဟုတ်ပါ့..Tommyရေ...ဆက်သွယ်ရေးကမကောင်းတဲ့ကြားက..မိုးကတရားလွန်ရွာနိုင်လွန်းတယ်...အဲဒါတွေပဲစိတ်ညစ်နေတာ...ဒါပေမဲ့..731...တွေကတော့လိုင်းမိတယ်ဗျ....:)

    ReplyDelete