ဂျောက်ဂျက်လေးတစ်ကောင်ကနေစလိုက်တာ၊ အခုတော့ သူချစ်သူကြောင်မလေးနဲ့အတူ သားသားမီးမီးလေး ၂ကောင်ပါ အဆစ်ထပ်ရတယ်။ တစ်ကောင်တည်းတောင် Housing ကလက်မခံလို. ခိုးမွေးနေရတာ၊ အခုတော့ ၄ကောင်ပြူးကြီး။ တတ်နိုင်ဘူး ဂျောက်ကလေးကိုပါ အိမ်ပေါ်က နှင်ချလိုက်ရတယ်။ အခုဆို မနက် မိုးလင်းတာနဲ့ ၄ကောင်လုံး အခန်းရှေ.မှာ စောင့်နေကြတယ်။ ညနေရုံးပြန်ချိန်ဆိုလဲ တက်ညီလက်ညီဘဲ။ တခါတခါ မနက်၃နာရီ ၄နာရီ လာအော်တာကတော့ တော်တော်ဆိုးတယ်။ ကျွန်တော် အိပ်ရာကထရတာ ပြသနာမရှိပေမယ့် အခန်းနီးနားချင်းတွေကို အားနာတယ်။ Housing ကို အတိုင်ခံရတာလဲ ခဏခဏဘဲ။ တိုင်တဲ့သူတွေကိုတော့ စိတ်မဆိုးပါဘူး။ သူတို.မှ ကြောင်မချစ်တတ်တာ။ နားလည်ပါတယ်။ မြန်မာပြည်မှာလို တချို.လူတွေက သူတို.အားနေ ပျင်းနေတိုင်း ကြောင်လေး ခွေးလေးတွေကို ခဲနဲ့ပေါက်၊ တုတ်နဲ့ရိုက်သူတွေထက်တော့ တော်သေးတယ်။
အခုလဲ အစာကျွေးပြီးတာကို အပြင်ပြန်မထွက်ကြဘဲ ကော်ရစ်ဒါတလျောက် ပြေးလွှားဆော့ကစားနေကြလို. ထွက်ဆူရသေးတယ်။ သူတို.လေးတွေက အ၇မ်း အပြစ်ကင်းပြီး ချစ်ဖို.ကောင်းလိုက်တာ။ ပိုက်ဆံများရှိလို.ကတော့ အပြင်မှာ အခန်းကြီးကြီး ငှားနေပြီး ကလေးတွေခေါ်ထားပါတယ်။ ခုတော့ Sorry ပါ သားတို. သမီးတို.ရယ်။
လိုချင်လိုက်တာ
ReplyDeleteပိစိကွေးတွေက ဆော့တတ်နေပီလား
ထူးဆန်းတာ ဂျောက်ဂျက်က တူတူရှိနေတုန်းပဲ
တခါမှ အဖေနဲ့ အမေနဲ့ တူတူမတွေ့ဖူးဘူး
ဖြစ်မှဖြစ်ရလေ ဂျော်ဂျက်ရယ်
ReplyDeleteခေါ်လာတော့လည်း မိသားစုလိုက်
တော်သေးတယ် ယောခထီ ယောခမ မပါလို့
ဂျောက်ဂျက်တို့ မိသားစု ၀ရံတာမှာနေနရခြင်းဘ၀မှ အမြန်ဆုံးလွတ်မြောက်ပါစေ
ကိုကြီးတွန်မီလဲ အကြံညဏ်ကောင်းတွေ နဲ့ ဂျောက်ဂျက်တို့ ဘ၀ကို ကယ်တင်နိုင်ပါစေ
ပိစိကွေးတွေက အလွန် အဆော့သန်နေကြပြီ။ ပိစိလေးတွေတင်မက ဂျောက်ဂျက်လေးကလဲ ငယ်သေးတော့ သူပါဝင်ဝင်ဆော့နေတာ။
ReplyDeleteကော်ရစ်ဒါတစ်ခုလုံးလဲ ဆူညံနေတာဘဲ။ မနေ့ညကလဲ သူတို.လာနှောင့်ယှက်လို. မနက် ၄နာရီထပြီး ထမင်းကျွေး၊ ပြန်အိပ်တာ ရုံးသွားချိန်မထနိုင်တော့လို. sick leave ယူလိုက်ရတယ်။ ခုတော့ နေ့လည်ခင်းမှာ တစ်မိသားစုလုံးပျောက်နေလေရဲ့။
ဘုရားရေ.....တွန်တစ်ယောက် မြေးချီနေရပါရောလား....ကောင်းပါ့ဗျား.....:)))))
ReplyDeleteဒီနေ့ သားအမိ သားအဖတွေ တစ်အုပ်လုံးပျောက်နေတယ်..မနက်ကတည်းက ထမင်းလာမစားကြသေးဘူး.... စိတ်ပူနေတာ...း(
Delete