ဒီနေ့ည သီရိလင်္ကာသွားမယ်။း)
၃ရက်လောက် ဘလော့ရေးဖြစ်မယ်မထင်ဘူး။ တနင်္လာနေ့မှ ပြန်ရောက်မယ်။
ဒီနေ့တနေကုန် အလုပ်လုပ်ရတာ စိတ်မပါသလောက်၊ အနှောင့်အယှက်ကလဲ တော်တော်များသား။
ရုံးထဲက လူတွေကို မလိုအပ်ဘဲ ဒေါသကြီးပြီး ခဏခဏအော်မိတယ်။ ကိုယ့်ဘာသာ စိတ်လှုပ်ရှားနေတာနဲ့ သူများတွေကို အပြစ်မရှိအပြစ်ရှာမိတဲ့ ကိုယ့်ရဲ့ မရင့်ကျက်မှုကိုလဲ စိတ်တိုမိတယ်။ ဘာဘဲဖြစ်ဖြစ် ရုံးတတ်ရက် တစ်ရက်ပြီးသွားပြီ။ အားလုံးကို တောင်းပန်တဲ့ အနေနဲ့ ရေခဲမုန်.၀ယ်ကျွေးခဲ့တယ်။ သူတို. ကျေနပ်မယ် ထင်ပါတယ်။
မနက်ဖြန် မနက်ကို ရောက်ချင်လှပြီ။ ...
ခုလောလောဆယ် ရေးပြီးမတင်ဖြစ်သေးတဲ့ Ms Purple အပိုင်း ၃ ကို တင်လိုက်ဦးမယ်။ သည်းခံပြီး ဖတ်ပေးကြပါနော်။ တချို.နေရာတွေမှာ ကိုယ်တိုင်တောင် ဖတ်ရတာ မချောမွေ.ဘူးလို. ခံစားရတယ်။ အမှားကို သိပေမယ့် ဘယ်လိုပြင်ရမှန်းမသိလို. ဒီတိုင်းဘဲ upload လုပ်လိုက်တော့မယ်နော်။
ဖတ်ရတာ အဆင်မပြေဘူးထင်ရင် ကွန်မန့်လေးတွေ ပေးပေးကြပါနော်။ စိတ်မဆိုးတတ်ပါဘူး။း)
ဆုလည်း...ရေခဲမုန့်စားချင်လိုက်တာ....:P
ReplyDeleteI'll buy ice cream for u when I reach yangon.. :) Thanks for ur wish, I really got nice trip..
Deleteပျော်ရွှင်တဲ့..ခရီးလေးဖြစ်ပါစေ..:).တာ့တာ..
ReplyDelete