ခုလောလောဆယ် နားထောင်ဖြစ်နေတာ... 9mm သီချင်း
.
.
((ဖြူစင်တဲ့ စိတ်ဓာတ်ကိုဘဲ အရောင်ဆိုးမိတာ မှားသွားလား
မတူမတန်တဲ့ စိတ်ဓာတ်နဲ့ဘဲ မင်းအသံတွေကို တမ်းတသလား....
.
.
နင့်နာမည် အိပ်မက်ထဲမှာ ယောင်ယောင်ခေါ်တာ လျာတိုနေပြီ...
.
ရင်ထဲမှာနင်ဘဲရှိတယ်..
မယုံဘူးဆို ၀င်သွားကြည့်ပါ.....))
.
ဘာရယ်တော့မဟုတ်ပါဘူး....ဒီနေ့တစ်နေ့လုံး ဒီသီချင်းကို ကြိုက်ပြီး တနေကုန်နားထောင်နေမိတယ်..
ခံစားချက်တော့ မတိုက်ဆိုင်ပါဘူး... ကိုယ့်မှာ ခိုးချစ်ရတဲ့သူငယ်ချင်းဆိုတာ တစ်ခါမှ မရှိခဲ့ဘူး... ချစ်မိပြီဆိုရင်တော့ ပေါ်တင် မရရအောင်လိုက်တာဘဲ... ခိုးချစ်ရတာ ပျင်းစရာကြီး....ရင်ခုန်စရာလဲ မကောင်းပါဘူး...ဘာဘဲပြောပြော ဒီသီချင်းလေးကိုတော့ ကြိုက်မိသား.....
ဒီနေ့ Red Bull ၂လုံးနဲ့ ကော်ဖီ၂ခွက်သောက်ဖြစ်တယ်...
ထုံးစံအတိုင်း ညမအိပ်ချင် ဖြစ်နေတယ်...
facebook ထဲမွှေတယ်..
Youtube ကိုဖွတယ်...
Korea Channel ကြည့်တယ်....
ရက်တွေကလဲ ကုန်ခဲလိုက်တာ...
အိမ်ပြန်ရမယ့်နေ့တွေကို တွက်နေတယ်....J.U.L.Y 24
လေယာဉ်လက်မှတ် စီစဉ်ရဦးမယ်....
မေကြီးကို လွမ်းတယ်...
အိမ်ပြန်ရတော့မယ်ဆိုတော့..သိပ်ပျော်နေမှာပဲ..ဆေးလိပ်တွေလည်းလျှော့သောက်ပါဦး..
ReplyDelete