ဒီနေ့ အလုပ်တွေ အရမ်းရှုပ်ပေမယ့် အဆီအငေါ်မတည့်တာတွေကြောင့် တချိန်လုံးရီနေရတယ်...
မနက်၇း၀၀လောက်မှာ Fire Alarm မြည်ပြီး၊ တချိန်တည်းမှာ ရေယိုတယ်။ Engineering တွေ ဘယ်ပြေးလို. ပြေးရမှန်းမသိတွေဖြစ်လို.။ ဖြစ်ချင်တော့ ဒီနေ့ကျမှ Duty Manager က ကိုယ်တိုင်ဖြစ်နေတော့ ကိုယ်တိုင်လဲ ဘယ် complain ဆီအရင်ပြေးရမှန်းမသိ။ Director ရောက်တော့ Explanation letter ရေးတင်ရသေးတယ်။
တနေကုန်လဲ Budget Meeting မှာ Finance နဲ့ တိုက်ပွဲဖြစ်လိုက်ရသေး။ Meeting ပြီးတော့ GM's secretary က သူ.အိမ်က Sound system တပ်ချင်တယ်ဆိုလို. မအားတဲ့အကြောင်းငြင်းတာ မချောက စိတ်ကောက်သွားလို. ချော့ရသေးတယ်။း)
အလုပ်ပြီးတော့ အားအားယားယား Zumba class ကို စာရင်းပေးမိလို. သင်တန်းသွားတတ်တာ၊ trainer က တကယ့်ငပြောင်။ သူ.ပုံစံကလဲ Tomboy ဒီဇိုင်းနဲ့၊ ယောက်ျားရှိတယ်လို.တော့ ပြောတာဘဲ။ ခုန်လိုက်ပေါက်လိုက်နဲ့ ကအပြီး၊ အခု အိမ်ပြန်ရောက်တော့ ဂျောက်ကလေး ပေတူးလေးဖြစ်ပြီး အခန်းေ၇ှ.မှာစောင့်နေလို.၊ ပြန်ခေါ်ထားလိုက်ရပြန်ပြီ၊ ရေချက်ချင်းလဲ ချိုးမပေးချင်သေးဘူး၊ ဖျားမှာစိုးလို.။ ပြီးတော့ ဘယ်နှရက် နေမယ်မှန်းမသိတဲ့ ငဆိုးလေးကို ဘာမှ ထွေထွေထူးထူး လုပ်မပေးချင်တော့ဘူး။ ခုလဲ post အသစ်မြန်မြန်ရေး၊ fb မြန်မြန်စစ်ပြီးတာနဲ့ အိပ်လိုက်ဦးမယ်။ ၁၁း၃၀ ထပြီး Night Club သွားဖို. လျာရှည် ကတိပေးမိတာ၊ ဒါမျိုး ကတိဖျက်လို.မကောင်းဘူး။း)
Love you all!
ပြန်လာလို့ ကိုယ်တွေလက်တွေ နားနေရင် သနားဖူး (ကဲတာများလို့ ဖျားသွားရင် ဒီကွန်မန်းကို ခဏခဏ လာဖတ် ဒါဗျဲ ဟိဟိ )
ReplyDeleteဟီး... ဟုတ်။ ခုတော့ ကလပ်သွားလိုက်ဦးမယ်နော်....တာ့တား)
Deleteကောင်းတယ်..ကောင်းတယ်..ပျော်ပျော်နေနော်..ဂျောက်ဂျက်လေးကလည်း..တော်တော်ဆိုးတယ်နော်..
ReplyDeleteလင်းဆုရေ.. အားပေးတာ ကျေးဇူးဘဲ... ဒီညတော့ စောစောအိပ်တော့မယ်နော်...လူက နေနိုင်ပေမယ့် မျက်လုံးက ကိုက်နေပြီ....း)
Delete