ဒီနေ့ စိတ်တွေလေနေတယ်....
ဘာကြောင့်လဲ လာမမေးနဲ့ .. ကျွန်တော်ကိုယ်တိုင်မှာ အဖြေမရှိဘူး...
အလိုလိုဝမ်းနည်းနေမိတယ်.... သူငယ်ချင်းတွေနဲ့ စကားပြောနေပေမယ့် စိတ်က သူတို.ဆီမှာမရှိဘူး..
အမေနဲ့ ဖုန်းပြောနေပေမယ့် စိတ်နဲ့ကိုယ်နဲ့ မကပ်ဘူး...
ချစ်သူဘေးမှာ ရှိပေမယ့် သူ.စကားသံတွေ မကြားတချက် ကြားတချက်..
သေချာတာက တစ်ခုခုကို ပြောင်းလဲပစ်လိုက်ချင်တယ်...
ဒီတိုင်းကြီး မရေမရာထိုင်နေရတဲ့ဘ၀ကို ငြီးငွေ.နေပြီ....
လူတွေအများကြီးကြားမှာနေပြီး၊ စိတ်က အထီးကျန်လွန်းနေတယ်..
ငါရူးနေပြီ.........
တခါတရံမှာ...အဲလို...အဖြေမရှိပဲ.စိတ်လေတတ်ပါတယ်..Tommy က ပိုဖြစ်မှာပေါ့.နိုင်ငံရပ်ခြားကိုရောက်နေတာကိုး..အလုပ်လုပ်နေရပေမဲ့ အဓိပ္ပာယ်မရှိဘူးလို့ခံစားနေရတယ်မဟုတ်လား...လူတိုင်းကတော့ တရားသဘောနဲ့ ကြည့်ရင် မရေရာတဲ့ ဘဝတွေပါပဲ Tommy ရယ်..ဘာတွေပြောင်းလဲပစ်ချင်တာလဲ...နိဗ္ဗာန်ရောက်ကြောင်းတရားကသာ သေချာရေရာတဲ့ ပြောင်းလဲခြင်းပဲ ဖြစ်မယ်ထင်တယ်...စုကိုယ်တိုင်လည်း..မလုပ်နိုင်ပါဘူး..လောဘ၊ဒေါသ၊မောဟ တဏှာတွေနဲ့ပြည့်နေတုန်းပါ...တခါတရံ Tommy လို စုလည်းဖြစ်ပါတယ်...Tommyခုဖြစ်နေတဲ့ ဟာက မောဟတွေဖြစ်နေတယ်ထင်တယ်...အင်း..ချစ်သူဘေးမှာရှိတာတောင် စိတ်နဲ့ကိုယ်နဲ့မကပ်တော့..စုက ဘာတတ်နိုင်မှာလဲနော်....ဟီးဟီး..စိတ်မညစ်ပါနဲ့...ဝင်မိတဲ့ ဒီအခန်းထဲမှာတော့ ပျော်အောင်အိပ်လိုက်ပါတော့...(အာဇာနည်ရဲ့ သူချင်းလေးပါ)
ReplyDeleteချစ်သူကလဲ လက်ရှိတွဲနေတဲ့ တစ်ယောက်မို.လို. ချစ်သူလို.ခေါ်လိုက်တာပါ။ တကယ်ချစ်မချစ် မသေချာဘူး။
Deleteတကယ်ကို တရားသဘောနဲ့ကြည့်ရင် အရာရာဟာ ဘာမှ မဟုတ်ပါဘူး။ ဒါပေမယ့် ဘာမှ မဟုတ်ဘူးဆိုပြီးလဲ ဘာမှမလုပ်လို. မဖြစ်ပြန်ဘူး။း(
ခုလောလောဆယ်တော့ နောက်ထပ် နားရက်တစ်ရက်ရောက်ပြန်ပြီ။
ထုံးစံအတိုင်း တစ်ယောက်တည်းဘဲ....
ဒါဆို.ခုအိမ်မှာပေါ့...ခုတင်ထားတဲ့..ပုံက.Tommy.ပုံလားဟင်.ချောလိုက်တာဟိဟိ.စိတ်ညစ်နေတယ်ဆိုလို့..စတာ..တော်ကြာနေ..စိတ်ညစ်နေပါတယ်ဆို.ဘာတွေလာပြောနေမှန်းမသိဘူး..လို့..ပြောနေဦးမယ်...
ReplyDeleteဟုတ်တယ် အဲဒါကျွန်တော့်ပုံ... ချောပါဘူးဗျာ.. ထင်ယောင်ထင်မှား ဖြစ်အောင်ရိုက်ထားတာ... ခုတော့ စိတ်မညစ်တော့ဘူး.. အိပ်ရေး၀၀အိပ်လိုက်ရလို.ထင်တယ်... လန်းသွားပြီ
Delete