Wednesday, May 2, 2012

ကျွန်တော်ကလဲ ကျွန်တော်ဘဲ။ အလုပ်ကနေပြန်လာ အိမ်ရောက်တော့ ဟိုကောင်စားထားတာတွေရှင်းပြီး၊ အမှိုက်ပစ်မယ်ဆိုပြီး အောက်ဆင်းလိုက်တာ ဘယ်လိုလုပ်ပြီး Shopping Mall ရောက်သွားမှန်းမသိလိုက်ဘူး။ အကျင့်ပါနေတဲ့ လက်က Taxi ငှားမိတယ်။
ဝှီး... ဒီလိုနဲ့ဘဲ တစ်ကောင်တည်း ဟိုလိမ့် ဒီလိမ့်ပေါ့။ အိမ်ကကောင်လေးအတွက် မုန်.၀ယ်ဦးမှပါဆိုပြီး Lu Lu ကို ခြေဦးလှည့်တာ ဘယ်ကနေ ဘယ်လို အလွှာတစ်ထပ်ခြားတဲ့ New Look ကိုရောက်သွားလဲမသိဘူး။ အမှန်ဆို အဲဒီဆိုင်က မိန်းကလေးအ၀တ်အစားတွေဘဲ ရောင်းတာ၊ ပုံမှန်ဆို ကိုယ်နဲ့ သိပ်ဆိုင်လှတာမဟုတ်ဘူး။
ဆိုင်ဆိုင် မဆိုင်ဆိုင်ပေါ့လေ.. ရောက်မှတော့ ထူးပါဘူးဆိုပြီး ဟိုငေးဒီငေးပေါ့။ အဲလိုငေးနေတုန်း အရင်အလုပ်တုန်းက အီစီကလီထုဖူးခဲ့တဲ့ မချောနဲ့ သူ.သူငယ်ချင်းတွေနဲ့ သွားတိုးရော။ နေကောင်းလား ဘာလား၊ ညာလားနဲ့ သွားနှုတ်ဆက်လိုက်တာ ဇာတ်သိမ်းတော့ Lemongrass မှာ Dinner လိုက်ကျွေးရရုံတင်မက၊ ကလေးမဟုတ် သူငယ်မဟုတ် Spiky မှာ ၀င်ဆော့ချင်ကြတယ်ဆိုလို. လိုက်ပို.ပေးရသေးတယ်။
အိမ်ရောက်တော့လဲ ဟိုငတလေးက ရှိသမျှ အပင်တွေအကုန် ဖျက်ဆီးထားပြီး သောင်းကျန်းထားလေရဲ့။
သြော်... အမှိုက်လေးခဏ ဆင်းပစ်တာ... ငါဟာလေ....တော်တော်... တောက်...း(

5 comments:

  1. မဟုတ်လိုက်တာ..တော်မီက ပိုက်ဆံကုန်ရတယ်ဆိုတာချည်းပဲ.. မိန်းကလေးတွေ တော်တော်ဆိုးတယ်
    သိပ်သဘောကောင်းမနေနဲ့

    ReplyDelete
  2. အီစီကလီစီ ထုဖူးတဲ့ ကောင်မလေးနဲ့ ပြန်များ ချိတ်မိလေမလားလို့ထင်နေတာ...ခုကျတော့ ပိုက်ထွက်
    တာပဲ အဖတ်တင်ပါရောလားတွန်ရဲ့.....:))))ဖစ်ရမယ်...၊နောက်ကိုအမှိုက်ပစ်ရင်ဆင်ခြင်နော်..:P

    ReplyDelete
  3. :D ကောင်မလေးတွေနဲ့ဆို အားနာတတ်တာက ခက်တယ်... ရောဂါ ရောဂါ...

    ReplyDelete
  4. Tommy

    ဘာ အကောင်မွေးထားတာလဲး ???

    အန်တီသက်

    ReplyDelete
    Replies
    1. ကြောင်လေး မွေးထားတာပါခင်ဗျ။ နာမည်က ဂျောက်ဂျက်လို.ခေါ်ပါတယ်။ အသက်က ၈လ၊ ကြောင်မလေးတစ်ကောင်နဲ့တော့ ဒိတ်လုပ်ပြီးသွားပြီ။း)

      Delete