Thursday, May 24, 2012

မနေ့ကထွက်စာတင်တယ်၊ ဒီနေ့ ထွက်စာ အပယ်ခံရတယ်။ စကတည်းက စိတ်မခိုင်တာ ခုတော့ စိတ်ကူးတစ်ခုပျက်ပြန်ပေါ့။
ဘာဆက်လုပ်ရမလဲ။ ဒီနေရာမှာလဲ မပျော် ဟိုနေရာလဲ မနေချင်နဲ့။ ကိုယ့်ဘာသာတောင် စိတ်ကုန်တယ်။
အသက်ကြီးလာပြီဆိုတာနဲ့ ဇီဇာကြောင်ချင်တဲ့ ဗီဇက ပေါ်နေပြီ။ အထက်လူကြီးတွေကလဲ အားနာစရာကောင်းအောင် ကောင်းကြလွန်းတော့ ခက်နေတယ်။
အမေ့ကိုလဲ လွမ်းတယ်။ အမေကလဲ လွမ်းလွန်းလို. ခဏလာလည်ပါဆိုတာတောင် မလာချင်ဘူး။ အေးပေါ့လေ... ကျွန်တော့ အခန်းကျဉ်းကျဉ်းလေးမှာ ဘယ်နေနိုင်ပါ့မလဲ။ ဂျောက်ဂျက်လေးတောင် ကြာကြာမနေနိုင်တာ။
July ကို vacation ပြန်မယ်ဗျာ။ ၁လကြာမလား၊ ၂လကြာမလား သိသေးဘူး။ ကြာကြာယူတော့လဲ ပြန်လာရင် ကိုယ့်အလုပ်ချည်းဘဲဆိုတော့ ယူရမှာ နဲနဲတော့ လန့်သား။
ညစ်တယ်၊ ညစ်တယ်...

No comments:

Post a Comment