အလုပ်တစ်ခုမှာ ရာထူးတစ်ခုကို တာဝန်ယူထားကြရတာချင်း အတူတူ ယောကျာ်းတွေက ဘာလို. paper work မလုပ်နိုင်ရတာလဲ။ လူရှေ.သူရှေ. နာမည်ကောင်းရမယ့်အလုပ်ကြတော့ ပျာပျာသလဲ ပြေးလုပ်ကြပြီး၊ တကယ်ခေါင်းကိုက်ရတဲ့ ကွန်ပျူတာရှေ့ကအလုပ်တွေကျတော့ မိန်းမတွေဘဲ လုပ်ရမတဲ့လား။ ဘာလဲကွာ လခယူထားတာချင်းအတူတူ ကိုယ့်တာဝန် ကိုယ်ကျေသင့်တာပေါ့။ Operation လဲပါရ၊ Paper Work လဲပါရ၊ Purchasing လဲပါရ... ဒါဆိုရင် ကျွန်တော်ပတ်ဝန်းကျင်က ယောက်ျားတွေကို အထင်မကြီးတာ ကျွန်တော့် အပြစ်မဟုတ်လောက်တော့ဘူးထင်တယ်။ သူတို.တနေ့ တနေ့လုပ်တဲ့အလုပ်က၊ ၀န်ထမ်းတွေကို ဟောက်စားလုပ်၊ လူကြီးလာရင် ဖား၊ Customer ဆိုတာနဲ့ အပြေးအလွှား မျက်နှာချိုသွေး၊ အလုပ်ချိန်ပြီးတော့ ဖုန်ဖတ်ခါ ပြန်သွား။ ရုံးလာရင် သူတို.ကိုယ်သူတို. သန့်ပြန့်နေအောင် သုံးထားတဲ့ ရေမွှေးကလဲ ခေါင်းမူးလောက်တယ်။ အားနေ ဟို restaurant သွားမြည်းလိုက်၊ ဒီ cafe သွားထိုင်လိုက်နဲ့။ လူကြီးလစ်တာနဲ့ တနေ့ ၃ခါလောက် အပြင်ထွက်ကြတယ်။ အဲလိုလူတွေနဲ့ အလုပ်လုပ်ရတာ ခေါင်းကိုက်လိုက်တာ။
ကျွန်တော် ယောက်ျားတွေကို မုန်းတယ်။ အထူးသဖြင့် ရုံးကယောကျာ်းတွေ။
ဟုတ်တယ် Tommy ရေ သိပ်ခက်တယ်နော်...ခုခေတ်က မိန်းမတွေထက် ယောကျာ်းတွေက မိန်းမလိုမိန်းမရ ပိုဆိုးလာတယ်...စုတောင် ရုံးမှာ မိန်းခလေးချင်းရန်မဖြစ်ရဘူး ယောကျာ်းလေးတွေနဲ့ ရန်ဖြစ်နေရတယ်...စုလည်းပဲ ယောကျာ်းတွေကို သိပ်မုန်းနေတယ်...တကယ်ကိုပဲ တော်ယုံတန်ယုံယောကျာ်းဆိုရင် အထင်ကို မကြီးတော့ပါဘူး...အဲဒါကိုယ်က perfect ဖြစ်နေလို့တော့ မဟုတ်ပါဘူး...အထင်ကြီးစရာကို မကောင်းတော့လို့ပါ...ဒီနေရာမှာ စိတ်တူနေလို့ Tommy ကို သိပ်ချစ်သွားပြီ...
ReplyDeleteနောက်ဆုံးစာကြောင်းကို အကြိုက်ဆုံးဘဲ.... Tommy ကလည်း အကုန်လုံးကို ချစ်ပါတယ် (မိန်းကလေးများသာ)း)
Delete