ဒီနေ့ အ၇မ်းပင်ပန်းတယ်ဗျာ။ တစ်ကိုယ်လုံးလဲ တော်တော်နုံးနေတယ်။ အလုပ်ဆင်းရတာလဲ ဘာတွေရှုပ်နေမှန်းမသိဘူး။ အရေးမကြီးတာတွေကို အကျယ်ချဲ့နေကြတယ်။ ခေါင်းကိုက်ရတဲ့အထဲ။
ခုလောလောတယ်တော့ ဗိုက်ဆာတယ်... ခေါက်ဆွဲပြုတ်စားရမလား၊ ဘာဂါမှာစားရမလား.. ဘာလုပ်ရကောင်းပါ့။ ဖြစ်နိုင်ရင် ထမင်းပူပူလေးနဲ့ ကြက်ဥမကျက်တကျက်ကြော်လေးစားချင်သား။ ခုတလော ကြက်ဥကြော်အရမ်းစားချင်နေတယ်။ ကြော်ကျွေးမယ်သူ ရှိရင်ကောင်းမှာ။ ဒါမှမဟုတ် ဆိုင်ကဘဲ မှာစားရမလား။
မိုးရွာထဲ လမ်းလျောက်ထွက်ချင်လိုက်တာ။ UAE မှာ ဘာလို.မိုးမရှိပါလိမ့်နော်။
နက်ဖန် နားတယ်။ ဒီည Club သွားမယ်။ အားရှိအောင် ခဏအိပ်လိုက်ဦးမယ်။ ဒါမှ ညကျရင် ကဲလို.ရမှာ။
ကြက်ဥကြော်ကျွေးမယ်.. ဒီလာခဲ့ ..မ တော့ ငပိရည်စားချင်တယ်
ReplyDeleteထွက်ပဲ ထွက်နိုင်လွန်းတယ်.. အိပ်ရေးမဝရင် ပိုဝတယ်သိလား တော်မီ
:P
ငပိရည် မကြိုက်ဘူး။ ငံပြာရည်တော့ကြိုက်တယ်။ ဘာကွာလဲတော့ မမေးနဲ့။ သေချာသိဘူး။း)
ReplyDeleteအနော် အပြင်မထွက်ရင် ချစ်သယ်ရင်းလေးတွေက စိတ်ဆိုးကြမှာ။ ဒီတော့ ထွက်ရတာပေါ့။ ပိုဝတယ်ဆိုလဲ တတ်နိုင်ဘူးလေ။ စကတည်းက ပိန်တဲ့အမျိုးမှ မဟုတ်တာ။ အမေလဲ၀၀၊ အမတွေလဲ၀၀၊ ဒီတော့ တော်မီလဲ မပိန်နိုင်တာသေချာတယ်။ ကျန်းမာရေး မထိခိုက်အောင်တော့ ထိန်းရမှာပေါ့လေ။
း)