Monday, April 23, 2012

၇တန်းတုန်းက စားပွဲခုံပေါ် အသဲပုံသကြားလုံးလေး ၂လုံး အမြဲလာတင်ပေးတတ်တဲ့ ၈တန်းက မမကို ဒီနေ့ Facebook မှာ ရှာတွေ.ခဲ့တယ်။ Invite မလုပ်တော့ပါဘူး။ သူ. account ကဘာမှ lock မထားတော့ အပြင်ကနေဘဲ တိတ်တိတ်လေး ခိုးကြည့်ပြီး ပြန်ခဲ့တယ်။
သူမ စလုံးမှာရောက်နေတယ်။ ချစ်သူကောင်လေးပုံတော့ မတွေ.ဘူး။ Relationship မှာလဲ Single တဲ့။
သူမပေးတဲ့ သကြားလုံးလေးကိုရတိုင်း၊ အသဲအသန် သကြားလုံးအခွံထဲက စာလေးတွေကို သူငယ်ချင်းတွေ လုဖတ်ပြီး ဟားခဲ့ကြဖူးတယ်။ ချစ်သူလား ဘာလား မသိတသိဖြစ်ခဲ့တုန်းက နေ့စဉ် ကျွန်တော်ဝတ်တဲ့ ရှပ်အင်္ကျီ (ရင်ဖုံးအပေါ်က ထပ်ဝတ်တာ) လက်လေးကို တယုတယခေါက်ပေးခဲ့တယ်။
အထူးသဖြင့် ကျွန်တော့်မျက်မှန်မှာ ဖုံတတ်နေတာတို့၊ အဆီဝေ့နေတာတို.ဆို သူမ သိပ်မုန်းတယ်။ အမြဲ သန်.ရှင်းနေအောင် သုတ်ပေးတတ်ပြီး၊ မောင့်မျက်လုံးတွေကို  ကွယ်ထားတာ မကြိုက်ပါဘူးကွာလို. ခဏခဏပြောခဲ့တယ်။
ချစ်စရာကောင်းတဲ့ ကာတွန်းပုံလေးတွေနဲ့ ကဗျာအပိုင်းအစ အချို.ကို ဒိုင်ယာရီစာအုပ်လေးနဲ့ ရေးပြီး လက်ဆောင်ပေးဖူးတယ်။ (အမေမိသွားလို. အဆူခံလိုက်ရတာ အကြီးအကျယ်ဘဲ...ဟီဟိ)
ကျွန်တော့် မွေးနေ့ လျောက်သွားကြတော့ သူစီးလာတဲ့ ဒေါက်ဖိနပ် အမြင့်ကြီးနဲ့ ခလုတ်တိုက်ပြီးချော်လဲလို. သူ.ခမျာ ကျွန်တော့် အမေဆူတာ ခံလိုက်ရတယ်။
ပြီးတော့လဲ ဘယ်လိုပြတ်သွားကြမှန်း မသိတော့ပါဘူး။ အတန်းချင်းလဲ မတူ၊ စာမေးပွဲလဲ နီးလာကြတော့ ဒီလို ဟိုလိုနဲ့ဘဲ ဝေးသွားကြရော။
ခုကော... .... ဒီလို ဟိုလိုနဲ့ဘဲ...............း)

No comments:

Post a Comment