မင်းရော..အထီးကျန်နေတာလား
ကျွန်တော့်ရင်ခွင်ကို မခွာတမ်းဖက်တွယ်ထားပါရော့လား
ကိုယ်တိုင်အထီးကျန်ခြင်းတွေကိုသာ ခံစားနေခဲ့သူက
မင်းရဲ့ အထီးကျန်မှုကို နားမလည်ပေးခဲ့ဘူး
Sorry ပါ ကလေးလေးရယ်
ငါတို.၂ယောက်က ဘ၀တူတွေပါ
သွားချင်ရာသွားဖို. တံခါးဖွင့်ပေးထားတာတောင်မှ
သွားစရာနေရာမရှိလို. အထီးကျန်နေကြသူတွေပါ
တနေ့နေ့ ငါမြန်မာပြည်ပြန်သွားခဲ့ရင်
မင်းလေး ဘယ်လိုလုပ်မှာလဲ
ခုကတည်းက တစ်ယောက်တည်း နေတတ်အောင် ကျင့်တော့ကလေးရယ်
၂လ ၃လ ဆိုတဲ့အချိန်က ဘာမှမကျန်တော့ဘူး
မင်းအတွက် passport လက်ထဲမှာ အသင့်ရှိပေမယ့်
မြန်မာပြည်ထိခေါ်သွားဖို.ကိုတော့ အဆင်သင့်ဖြစ်မနေဘူး
လူဆိုတာ တစ်ကိုယ်ကောင်းဆန်တယ် ကလေးရယ်
ငါအပျင်းပြေဖို.အတွက် မင်းကို မွေးခဲ့ပြီး
ငါ့မိသားစုဆီ ပြန်မယ့်အချိန်ကျတော့ မင်းကို ထားခဲ့ရော
ငါ မတရားဘူး...
ထပ်တောင်းပန်ပါတယ်
ဘာဘဲပြောပြော မင်းကိုငါ ချစ်ပါတယ်...
ကလေးလေးသနားပါတယ်ကွယ်
ReplyDeleteဘဝတွေက ဒီလိုပါပဲ တွန်....အချိန်တန်ရင် သူလည်းနေသာကျ၊ကိုယ်လည်းနေသားကျသွားမှာပါ..။
ReplyDelete