Thursday, April 19, 2012

ဘာလိုလိုနဲ့ သောကြာတစ်ပတ်ရောက်ပြန်ပြီပေါ့။
တပတ်လုံး ဘာအလုပ်မှ မယ်မယ်ရရမလုပ်ဖြစ်လို. နောက်အပတ်ရုံးရောက်ရင် အလုပ်ပုံကြား ခေါင်းစိုက်ရဦးမယ်။
ဒီနေ့ love rain အပိုင်း ၈ ကြည့်ဖြစ်တယ်။ yoon ah ကချစ်ဖို.ကောင်းသလို၊ သူ.အမေလုပ်တဲ့ မင်းသမီးကလဲ တော်တော်ချောတယ်။
invincible youth ကအပိုင်းသစ်မထွက်သေးလို. hello baby ကိုကြည့်နေတုန်း Golden bell ကို download လုပ်ထားတယ်။
ဟားဟား...ကျွန်တော်တော့ တကယ် ကိုရီးယားရောဂါထနေပြီဘဲ။
ငယ်ငယ်ကလဲ ရူးလိုက်ရတဲ့ တရုတ်သိုင်းကားနဲ့ စာအုပ်။ ကျင့်လိုက်ရတဲ့ ၀ူရှူး၊ ထိုက်ကျိ။
နဲနဲကြီးလာတော့ ဂျပန်ကားရူး။ တနေ့တနေ့ အီမိုလုပ်နေရတာနဲ့ဘဲ အချိန်ကုန်။
ခုတော့ ကို၇ီးယားရောဂါ။
သြော်... ငါတော်တော် မလွယ်တော့ပါလား။
း)

2 comments:

  1. 1night2days ကိုရော မကြည့်ဘူးလား. season 1 တစ်လျှောက် မျက်ရည်ကျလောက်အောင် ရီခဲ့ရတဲ့ Variety show ပါ. season 1 ရဲ့ နောက်ဆုံးခန်းကို လည်း မျက်ရည်နဲ့ နှုတ်ဆက်ခဲ့ရလို့ပါ( Member အဟောင်းတွေကိုလည်း လွမ်းတယ်) season 2 ကိုတော့ မစရသေးပါဘူး
    ပျော်ရွင်ပါစေ

    ReplyDelete
  2. 1night2days ကိုမကြည့်ဖြစ်ဘူးဗျ။ ကောင်မလေးမှ မပါတာ၊ ယောကျာ်းကြီးတွေချည်းဘဲ ကြည့်ချင်ပါဘူး။ အနော်က TOM ပါဆိုမှ... ဟီး

    ReplyDelete