အချိန်တန်လို. အိမ်ပြန်ရအောင်လည်း
မျှော်နေသူမရှိတဲ့အိမ် ဘယ်အချိန်ရောက်ရောက်ပေါ့
နောက်ကျလည်း ဘာမှ ထူးမလာပါဘူး။
လုပ်စရာမရှိလို. ကွန်ပျူတာသုံးတာ ငါ့အပြစ်လား
တရားမှမထိုင်နိုင်တာ
အင်တာနက်ရှေ့ဘဲ ထိုင်ချင်တာ ဘာတတ်နိုင်မှာလဲ
သေရင် ငရဲပြည်မှာ အင်တာနက် ရှိမရှိ သိချင်လိုက်တာ
မရှိရင် MPT ကဖြစ်ဖြစ်၊ etisalat ကဖြစ်ဖြစ်၊ starhub ကဖြစ်ဖြစ်
wireless လေးသယ်သွားချင်လို.ပါ
သြော်... သုံးနေကျ laptop လေးလည်းပါမှ ဖြစ်မှာပေါ့နော်
တနေ့ညက သဲကနာရမှာ မိုးရွာတယ်တဲ့
ကျွန်တော် အအိပ်မက်နေတာနဲ့ ၃၊၄နှစ်မှာ တခါရွာတဲ့မိုးကို မကြည့်လိုက်ရဘူး
း(
တချိန်က မှတ်မိပါတယ်... ချစ်သူလေးနဲ့ DUBAI မြို.ကြီးမှာ လည်လည်ထွက်တော့
မိုးတွေရုတ်တရက်ရွာချပြီး ရေစိုနေတဲ့ မင်းလေးကို ဖက်ထားရတာ နွေးထွေးလို.
ငါတို.သွားနေကျ Fish & Chip ဆိုင်လေးကို ငါတကယ်မရောက်ဖြစ်တော့ပါဘူး
မရောက်ဖြစ်တာထက်၊ မသွားရဲတာဆို ပိုမှန်ပါတယ်
အခန်းထဲရောက်တိုင်း သားလေးဖွထားတဲ့ အရုပ်တွေ ရှောင်နင်းနေကျ
ခု မင်းကလေးမရှိတော့ ရှင်းနေတဲ့ အခန်းကျဉ်းလေးထဲ နေရခက်လိုက်တာ
ကျွန်တော်ပြန်လာတိုင်း ခေါင်းလေးနဲ ပွတ်ပြီးချွဲတတ်တဲ့ ကလေးလေးက
ကောင်မလေးနောက်ပါသွားတတ်ပြီတဲ့
အပစ်မတင်ပါဘူး ကလေးရယ်... အချစ်စိတ်ဆိုတာ ထိန်းရခက်သားလား
အိပ်ချင်နေတယ်... အိပ်ရမှာလဲ အချိန်တွေကို နှမြောတယ်
မျက်တောင်တွေကတော့ ဂိတ်ဆုံးရောက်ချင်နေပြီ
ဟူး...... အချိန်တွေကို နှမြောလိုက်တာ
မနက်ဖန်ဆို အလုပ်တွေလုပ်ရဦးမယ်
း(
No comments:
Post a Comment