Thursday, April 5, 2012

ငါ့ရင်ထဲမှာ ပင်လယ်လေးတစ်ခု၇ှိတယ်
ချစ်သူ မင်းနဲ့တူတူ လျောက်လည်ဖို.ပေါ့
မင်းကို ဓာတ်ပုံလှလှတွေရိုက်ပေးမယ်
ငါးလှလှတွေ တူတူလျောက်ကြည့်မယ်
လှေတူတူစီးရင်း အချစ်သီချင်းလေးညည်းကြမယ်
မင်းလေးပျင်းရင် ဖျော်ဖြေဖို. ဆယ်လ်မွန်လေးတွေ ဖိတ်ခေါ်ထားတယ်
ငါးမန်းတွေကိုကြောက်ရင် ဖက်ထားဖို. ငါ့ရင်ခွင်ရှိတယ်
ပင်လယ်လိပ်ကြီးတွေ တူတူစီးကြမယ်
ကြယ်ငါးလေးတွေနဲ့ မင်းရဲ့ ကေသာကို အလှဆင်ပေးမယ်
ခရုလေးတွေ ကောက်ပြီး မင်းအတွက် လည်ဆွဲသီပေးမယ်
ငါ့ကို မင်းအတွက် ငြိမ်းချမ်းတဲ့ ပင်လယ်ပြာကြီးလုပ်ခွင့်ပေးပါ
မင်းရဲ့ ဒေါသမုန်တိုင်းတွေကို ငြိမ်းပေးပါ့မယ်
မာယာတွေကိုတော့ ချန်ထားခဲ့ပါကွာ
ကျွန်တော့် နှလုံးသားက နုလို.ပါ..း)

2 comments:

  1. " ငါးမန်းတွေကိုကြောက်ရင် ဖက်ထားဖို. ငါ့ရင်ခွင်ရှိတယ် "
    ဒါကတော့ အခွင့်အရေးယူတာပဲ....:P

    ReplyDelete