Saturday, March 3, 2012

ဒီနေ့နားရက် အမေနဲ့ online ချိန်းမထားဘူးဆိုတဲ့အသိနဲ့ အိပ်ပလိုက်တာ ညနေ၄း၀၀ထိုးမှနိုးတယ်။း)
အိပ်ရာကနိုးတာတောင် လူက အိပ်ချင်မူးတူးဖြစ်နေတုန်း။ ဘေးက ကောင်လေးမျက်လုံးပြူးလေးနဲ့ ကြည့်နေတာတွေ.မှ တစ်နေ့လုံး သူ.ကို အစာမကျွေးရသေးတာ သတိရတယ်။ ဆောရီးပါ ကလေးရယ်။
ဂျောက်ဂျက်လေးကို အစာကျွေးပြီးမှ ကိုယ်တိုင်လဲဗိုက်ဆာလာလို. ခေါက်ဆွဲခြောက်ကို ရေနွေးဖျောနေတုန်း၊ ရုံးက အင်ဒိုမမတစ်ယောက်က သူအခုလာခေါ်နေပြီ၊ shopping ထွက်ဖို. အသင့်ပြင်ထားပါတဲ့။ သူမက အဲလိုဘဲ သူ့.နား ဘဲဘဲမရှိတဲ့အချိန်ဆို လာလာနှိပ်စက်ရင်း အီနေကျ။ ဒီကကောင်ကလဲ ကောင်မလေးဆို ငြင်းရတာ အားနာတတ်သူဆိုတော့ ပြုတ်လက်စခေါက်ဆွဲတွေ ပစ်ထားပြီး၊ ရေချိုး အ၀တ်လဲ။ ၁၀မိနစ်အတွင်း သူမရောက်လာတော့ အနီးအနားက shopping mall ကိုလစ်ပေါ့။ Lemon Grass မှာ ထိုင်းစာစားဖြစ်တယ်။ စားလို.ကောင်းပေမယ့် အကုန်လုံးက တော်တော်ငန်နေတယ်။ ၂ယောက်လုံး စားတာကနဲနဲ၊ ရေသောက်ရတာများများဖြစ်နေတယ်။ စားပြီးရှင်းတော့လဲ ဈေးကြီးသေးတယ်။း(
၂ယောက်သား shopping ထွက်ရင်း ပေါက်ကရလေးတွေ လျောက်ပြောရင်း၊ ရုတ်တရက် မဒမ်က ဖျားနေတယ်တဲ့။ သူအဲဒီစကားကို ပြောနေတာ ၂ရက်လောက်ရှိပြီ။ ခက်တာက မြင်လိုက်တိုင်း အကျီလက်ပြတ်၊ စကတ်အတိုနဲ့ဆိုတော့ တကယ်ဖျားတယ် ဘယ်ထင်ပါ့မလဲ။ ပြီးတော့ ညညဆို ပါတီမသွားတဲ့ရက်ကလဲ ရှားသား။
သူ.နဖူးလေးကို စမ်းကြည့်တော့ တကယ်ပူနေတာဗျ။ ဒါနဲ့ ချက်ချင်း mall ကပြန်ပြီး ဆေးရုံမောင်းခိုင်းရတာပေါ့။ ကူညီပြီး မောင်းပေးချင်သော်ငြားလဲ ကားမှမမောင်းတတ်တာ။ ဆောရီးပါကွယ်.း)
ဆေးရုံရောက်တော့ ဆရာဝန်ရှာ၊ insurance လုပ်ဘာညာ အကုန်ဦးဆောင်ပြီးလုပ်ရတယ်။ သူမကတော့ ဘာမှမသိ။ (ကြည့်ရတာ ပျော်ဖို.ပါးဖို. နေရာကလွဲရင် ဘာမှ သိပုံမရဘူး)
ဆရာဝန်ကတော့ပြောပါတယ်၊ ရိုးရိုးတုပ်ကွေးမိတာပါတဲ့။ အအေးပတ်မခံနဲ့တဲ့။ (ကြည့်ရတာ ဆရာဝန်ကလဲ သူမရဲ့ စွပ်ကျယ်သာသာ အကျီလေးနဲ့ စကတ်တိုကို သိပ်ကြည့်မရဘူးထင်တယ်။)
ဒီလိုနဲ့ဘဲ ကျွန်တော့်ကို အိမ်ပြန်ပို.ပြီး၊ သူမပြန်သွားတယ်။
အိမ်ရောက်တော့ သားငယ်လေးက ပျင်းနေပုံရတယ်။ တခန်းလုံးလဲ ဖျက်ဆီးထားတာ ရစရာမရှိဘူး။ အပြင်မှာ သဲမုန်တိုင်း တိုက်နေလို. balcony တံခါးဖွင့်မပေးတာကို မကျေနပ်ဖူးထင်တယ်။
Diaso က၀ယ်လာတဲ့ scratch board လေးချပေးမှဘဲ ငြိမ်သွားတော့တယ်။ အဲဒီscratch board လေးကို အမြီးပြန်ခေါင်းပြန်ဆော့တာများ၊ ညစာတောင် လာမစားဘူး။ scratch board နဲ့ဆော့လိုက်၊ ကြွက်ရုပ်လေးနဲ့ ဆော့လိုက်။ သူ.ကိုကြည့်ရတာ ငြိမ်းချမ်းလိုက်တာ။
ဒီနေ့တော့ scractch board ကျေးဇူးနဲ့ internet ကောင်းကောင်းသုံးလို.ရတယ်။ နို.မို.ဆို သားက သူ.နဲ့ အမြဲဆော့ပေးမနေရင် လိုက်လိုက်ကိုက်တယ်လေ။
ဒီလိုနဲ့ဘဲ internet သုံးလိုက်၊ စီးကရက်လေး သောက်လိုက်လုပ်နေတာ ည ၁၂နာရီတောင်နီးပါရော့လား။ ဆေးလိပ်ပြာခွက်ထဲကြည့်လိုက်တော့ စိးကရက် အခွံတွေအပြည့်။ အမေရေ.. ကျွန်တော်တော့ တော်တော် အကျင့်ပျက်နေပြီ။း(
I hate my bad habit!

3 comments:

  1. စနေ၊တနင်္ဂနွေပိတ်ရက် ၂ရက်မှာ ငြိမ့်နေတယ်ပေါ့လေ....၊ကောင်းပါ့ဗျာ...
    ဘဝဆိုတာ ဂလိုလေးလဲ အေးဆေးငြိမ့်နိုင်ဦးမှပေါ့ဗျာ....နော့.....:)))

    ReplyDelete
  2. သောကြာ၊ စနေဗျ။ ကျွန်တော်က dubai မှာဆိုတော့ ကုလားပြည် public holiday က သောကြာနေ့။ ဟီဟိ..း)

    ReplyDelete
  3. ဟီနေပါလား. တူနေပီ. ခုသောကြာ.

    ReplyDelete