ကြယ်တွေစုံတဲ့ ကောင်းကင်ကို မတွေ.ရတာကြာပြီ
လမင်းကြီးကတော့ တစ်စင်းထဲ သာနေတယ်
ဘာလိုလိုနဲ့ နွေရာသီအစပျိုးပြီ
သဲကနာရရဲ့ ပူစပ်ပူလောင် အဖြစ်ဆုံးအချိန်ကို ရောက်တော့မယ်တဲ့
ဒီတစ်နွေပါဘဲလေ
ဒါတွေပြီးရင် အားလုံးပြီးပါပြီ
အမေကပြောတယ် ရေရှည်အတွက် စိတ်ပူတယ်တဲ့
အသက်ကြီးလာရင် ဘယ်လိုလုပ်မလဲတဲ့
စိတ်မပူပါနဲ့ အမေ
ကျွန်တော် အသက်ကြီးလာမှာမဟုတ်ပါဘူး
ကြိုးစားနေတယ်
လမင်းကြီးဆီရောက်နိုင်ဖို.ပေါ့
အရင်လို ကြောက်စိတ်တွေ လျော့ပါးနေပြီ
ကျေးဇူးပြုပြီး သတ်တိတွေပေးပါ အရှင်ဘုရား
တပည့်တော် တကယ် အဆုံးသတ်ချင်နေလို.ပါ
း(
No comments:
Post a Comment