Thursday, March 29, 2012

ခင်ဗျားသိလား...
ဟိုးဝေးဝေးက ကောင်ကင်ကြီးထဲမှာ ငှက်ကလေး တစ်ကောင်တည်း ကြိုးစားရင် ပျံသန်းနေတယ်
တကယ်တော့ ငှက်ကလေးက အထီးကျန်နေတာပါ
ငှက်ကလေး အိမ်ကို အရမ်းပြန်ချင်နေတယ်
ခက်တာက သူအရှုံးပေးရမှာကိုလဲ ကြောက်နေသေးတယ်
တစ်ချို.သောသူတွေထက် သာအောင်လုပ်ပြမယ်ဆိုတဲ့ မာနနဲ့ ထွက်လာသူဆိုတော့
ငှက်ကလေး အိမ်မပြန်ရဲသေးဘူး
မထားသင့်တဲ့ မာနတွေ ထားခဲ့မိတယ်လေ...
ငှက်ကလေး သူတို.ထက်မသာတောင် မလျော့တဲ့ အခြေအနေကို ရောက်လာခဲ့ပြီ
ခက်တာက သူတို.လို ခံနိုင်ရည်မ၇ှိဘူး
ရာထူးတွေ ဂုဏ်တွေပေါ် တစ်ထစ်ခြင်း လှမ်းတတ်ရင်း
သူငယ်ချင်းတွေ၊ မိသားစုတွေ အဝေးမှာ ကျန်ခဲ့တာ
အဲဒါတွေကို သတိပြုမိတဲ့အချိန်ကျတော့ ငှက်ကလေးက တစ်ကောင်တည်း ဖြစ်နေတယ်
အရာရာကို စွန့်လွှတ်ပြီးလဲ အရင်ဘ၀ကို ပြန်မသွားရဲ
လက်ရှိဘ၀မှာလဲ ကြိုးကြိုးစားစား မနေရဲဘဲနဲ့ ငှက်ကလေး တဖြည်းဖြည်း အထီးကျန်လာတယ်
ရွေးချယ်မိတဲ့ အချစ်တွေကလဲ အတုတွေ ဖြစ်ဖြစ်လာတယ်
အခုတော့ ငှက်ကလေး ပျံရင်း အတောင်ညောင်းနေပြီ
စကတည်းက အတောင်ခတ်နည်း စနစ်တကျမသင်ဘဲ၊ အပျံစောစောကျင့်ခဲ့မိတာလေ..
ပင်လယ်ထဲဘဲ ထိုးကျမှာလား၊ ကောင်းကင်ပေါ်ဘဲ ၀ဲပျံရမလား၊ နားစရာ သစ်ကိုင်းလေးဘဲတွေ.မလား
မသိတော့ဘူး...
သေချာတာကတော့ ငှက်ကလေး မပျော်တော့ဘူး...

2 comments:

  1. ငှက်လေးရေ....အမေ့ရဲ့ အသိုက်လေးကို ပြန်တော့နော်....။တစ်ချိန်က
    မာနတွေဘာတွေကိုလည်းထည့်မတွက်နေနဲ့တော့လေ...၊

    ReplyDelete